Friday, 5 September 2008
Monday, 17 September 2007
သံဃာ့ ကံဆောင်ခြင်းနှင့် စပ်လျှင်းသော ဆွေးနွေးချက်
မြန်မာလူမျိုးတိုင်း သိသင့်သော သံဃာ့ ကံဆောင်ခြင်းနှင့် စပ်လျှင်းသော ဆွေးနွေးချက်များ ဖြစ်ပါတယ်။ နားထောင်ကြည့်စေချင်ပါတယ်။ ဆွေးနွေးချက်များထဲမှ ကောက်နှုတ်ချက် တစ်ချို့မှာ ....
မေး။ ...... မြတ်စွာဘုရားက ဘာကြောင့် သံဃာ့ ကံဆောင်ခြင်း ခွင့်ပြုပါသလဲ။
ဖြေ။ ...... ဘုရားသာသနာကို မကြည်ညိုတဲ့ ပုဂ္ဂိုလ်တွေ၊ ဘုရားသာသနာကို ဖျက်ဆီးမဲ့ ပုဂ္ဂိုလ်တွေက သာသနာတော်ကြီးကို မဖျက်ဆီးနိုင်အောင် (တနည်းအားဖြင့်) သာသနာတော်ကြီးကို ထိန်းသိမ်းနိုင်အောင် မြတ်စွာဘုရားက သံဃာတော်များအား သပိတ်မှောက်ကံ ပြုခိုင်းပါသည်။
|
Posted by
ကိုထိုက်
at
13:28
1 comments
Labels: ဘာသာရေး၊
Sunday, 16 September 2007
ဗုဒ္ဓဘာသာနဲ့ သန်းရွှေမိသားစု ဘယ်သူ ပိုမြတ်သလဲ
Posted by
ကိုထိုက်
at
14:32
2
comments
Labels: ဘာသာရေး၊, မြန်မာ့နိုင်ငံရေး
Wednesday, 12 September 2007
ဗုဒ္ဓဘာသာဝင်အဖြစ်မှ ထုတ်ပယ်ကြ
ပုံပါသူ သာသနာကို ဖျက်စီးသူ သန်းရွှေအား မြန်မာနိုင်ငံသားအားလုံးမှ ဗုဒ္ဓဘာသာဝင်အဖြစ်မှ ၀ိုင်းဝန်းထုတ်ပယ် ကျဉ်ရှောင်ကြပါစို့။
အခြား ဘလော့ဂါများမှလည်း ဤသို့ ဗုဒ္ဓဘာသာ မှထုတ်ပယ်ချင်း ပုံနှင့်စာကို ၀ိုင်းဝန်းတင်၍ မကောင်းဆိုးဝါးအား သာသနာ သန့်ရှင်းရေးနှင့် တိုင်းပြည်သန့်ရှင်းရေး အတွက်ပါဝင်ကြပါရန် တိုက်တွန်းအပ်ပါသည်။
Posted by
ကိုထိုက်
at
07:15
2
comments
Labels: ဘာသာရေး၊, မြန်မာ့နိုင်ငံရေး
Sunday, 9 September 2007
နအဖ၏ နောက်ဆုံးရက် (သို့) မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစု အဖွဲ့ကြီး၏ ကြေညာချက်
Posted by
ကိုထိုက်
at
17:01
2
comments
Labels: ဘာသာရေး၊, မြန်မာ့နိုင်ငံရေး
Saturday, 8 September 2007
သံဃာတော်တွေ သပိတ်မှောက်တာ ၀ိနည်းနဲ့ ညီ၊ မညီ
မြတ်စွာဘု၇ား ဟောကြားတော်မူခဲ့သော ၀ိနယ ပိဋိက စူဠ၀ဂ္ဂပါဃဠိတော်လာ သပိတ်မှောက်ကံ ခွင့်ပြုပုံမှာ
အထခေါ ဘဂ၀ါ ဘိက္ခူ တေနဟိ ဘဂဝေ သံဃော ၀ဍ္ဎဿ လိစ္ဆ၀ဿ ပတံ နိကုဇ္ဇတု၊ အသမ္ဘောဂံ သံဃေန ကရာတု။ အဌိဟိဘိက္ခဝေ အင်္ဂေဟိ သမန္နာဂတဿ ဥပါသကဿ ပတ္တော နိကုဇ္ဇိတဗ္ဗော။ ဘိက္ခူနံ အလာဘာယ ပရိသက္ကတိ၊ ဘိက္ခူနံ အနတ္ထာယ ပရိသက္ကတိ။ ဘိက္ခူနံ အာဝါသာယ ပရိသက္ကတိ။ ဘိက္ခူ အက္ကောသတိ ပရိဘာသတိ၊ ဘိက္ခူ ဘိက္ခူဟိ ဘေဒေတီတိ၊ ဗုဒ္ဓဿ အ၀ဏ္ဏံ ဘာသတိ၊ ဓမ္မဿ အ၀ဏ္ဏံ ဘာသတိ၊ သံဃဿ အ၀ဏ္ဏံ ဘာသတိ။ (၂၆၃)
(ဘာသာပြန်) ရဟန်းတို့ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဥပသကာအား သပိတ်မှောက်ခြင်းကို ပြုအပ်၏။
- ရဟန်းတို့ကို လာဘ်မရအောင် အားထုတ်ခြင်း
- ရဟန်းတို့ကို အကျိုးမဲ့ ဖြစ်အောင် အားထုတ်ခြင်း
- ရဟန်းတို့ကို နေရာမရအောင် အားထုတ်ခြင်း
- ရဟန်းတို့ကို ဆဲရေးခြင်း၊ ခြိမ်းခြောက်ခြင်း
- ရဟန်းတို့ကို အခြင်းခြင်း ကွဲပြားအောင် ဂုံးတိုက်ခြင်း
- ဘုရား၏ ဂုဏ်ကျေးဇူးမဲ့ကို ပြောကြားခြင်း
- တရားတော်၏ ဂုဏ်ကျေးဇူးမဲ့ကို ပြောကြားခြင်း
- သံဃာတော်၏ ဂုဏ်ကျေးဇူးမဲ့ကို ပြောကြားခြင်း တို့ဖြစ်ကြသည်။
ယခု နအဖတို့၏ လုပ်ရပ်များကို ကြည့်ပြီး သပိတ်မှောက်ကံ ဆောင်သင့်၊ မသင့်ကို ကျွန်တော်တို့ ချိန်ထိုးကြည့်ပြီး ၀ိနည်းတော်နှင့် ညီ၊ မညီ ကြည့်ကြရအောင်


ဤ သတင်းစာပါ အချက်များကို ကြည့်ခြင်းအားဖြင့်ပင် သံဃာတော်များမှ သပိတ်မှောက်ကံ ဆောင်ကြမည်ဆိုလျှင် ၀ိနည်းတော်နှင့် ညီကြောင်းတွေ့ရသည်။ အကြောင်းများမှာ...
မကွေးတိုင်း ပခုက္ကူမြို့ အကျောင်းတိုက် အချို့ရှိ သံဃာတော်များ ဆန္ဒပြမည်ဟု ကြားသဖြင့် တာဝန်ရှိသူများက စက်တင်ဘာ ၅ ရက် မွန်းလွဲ ၂ နာရီတွင် သွားရောက် လျှော်ထား ထိန်းသိမ်းခဲ့ရာ လက်ခံပဲ ......................... ထပ်မံ ဆန္ဒပြသဖြင့် သေနတ်ပစ်ဖောက် ခြောက်လှန့်ခဲ့ရကြောင်း
အဲဒီမှာတင် မြတ်စွာ ဘုရား ဟောခဲ့သော တရားတော်၏ စတုတ္ထမြောက် အချက်အရ သပိတ်မှောက်ကံဆောင်နိုင်ပါသည်။ သူတို့၏ သတင်းစာထဲတွင်ပင် အထင်ကရ ခြောက်လှန့်ခဲ့ရသည်ဟု သုံးနှုံးထားသည်မှာ ၀န်ခံချက်ဖြစ်သည်။
နောက်တနေ့တွင်လည်း အခြားသံဃာတော်များကို အဆိုပါကြောင်းများသို့ ပင့်ဆောင်သွားပြီး သံဃာထု အကြား သွေးကွဲအောင် လူအင်အားသုံးပြီး ဂုံးချောစကားများ ဆိုခဲ့ကြောင်း သူတို့ရေးသော သတင်းစာများအရ ကောက်ချက်ချနိုင်လေသည်။ ထိုအချက်သည် မြတ်စွာဘုရား တရားတော်၏ အချက် ၅ ကို ကျူးလွန်ကြကြောင်း ထင်ရှားသည်။
နောက်ဆုံးတွင် ထိုသံဃာများက ဆန့်ကျင်ဘက် အဖွဲ့အများနှင့် ပူးပေါင်း၍ တိုင်းပြည်ကို ဆူပူမူ ဖြစ်အောင် လုပ်ဆောင်သည်ဟု ရေးသားထားခြင်းမှာ သံဃာတော်များ၏ ဂုဏ်ကျေးဇူးမဲ့ကို ပြောခြင်းဆိုသော အချက် နံပါတ် ၈ ကို ကျုးလွန်ထားပြန်လေသည်။
ထိုအပြင် သံဃာတော်များကြားတွင် မြို့နယ် သံဃ နာယကနှင့် စာသင်သား သံဃာတော်များ အကြားတွင် သံဃာသင်းကွဲအောင် သာသနာတော်ကို ဖျက်ဆီးသည့် အမူများကို ဆောင်ရွက်ခဲ့ကြကြောင်း သူတို့၏ သတင်းစာအရ အထင် အရှားပင်ဖြစ်သည်။
အထက်ပါ အချက်များကို ကြည့်ခြင်းအားဖြင့် နအဖ၏ တဖက်သက် သတင်းစာများထဲတွင်ပင် သူတို့၏ တိုင်းပြည်သာသနာကို ဖျက်ဆီးလိုကြောင်း အရိပ်၊ နိမိတ်များ ပြဆို ရေးသားထားခဲ့ရုံမျှမက သံဃာထု တစ်ရပ်လုံးကို ဆော်ကားရာရောက်သဖြင့် သံဃာတော်များ သပိတ်မှောက်ကံဆောင်ပါက မြတ်စွာဘုရား၏ ၀ိနည်းတော်နှင့် ညီကြောင်း သုံးသပ်လိုက်ရပါသည်။
(ယခု ဆောင်းပါးသည် နအဖ၏ သတင်းစာတွင်ပါရှိသော အချက်များကိုသာ မူတည်၍ ၀ိနည်းနှင့် ချိန်ထိုးခြင်းသား ဖြစ်ပါသည်။ အပြင်သတင်းများနှင့်ပါ ချိန်ထိုးရလျှင် ထို့ထက် ပိုဆိုးမည်ဆိုတာ အားလုံး အသိပင်ဖြစ်ပါသည်။)
ကိုထိုက်
Posted by
ကိုထိုက်
at
14:38
1 comments
Labels: ဘာသာရေး၊