(Translated by https://www.hiragana.jp/)
ချိုးငှက်: တည်းဖြတ်မှု မူကွဲများ - ဝီကီပီးဒီးယား မာတိကာသို့ ခုန်သွားရန်

ချိုးငှက်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီးNo edit summary
အရေးမကြီး wikidata interwiki
စာကြောင်း ၁၈ - စာကြောင်း ၁၈ -


[[Category:ငှက်]]
[[Category:ငှက်]]



[[en:Dove]]

၁၀:၃၈၊ ၂၉ မတ် ၂၀၁၉ ရက်နေ့က မူ

မြန်မာနိုင်ငံတွင် ချိုးကို သာယာသောကူသံကြောင့် မသိသူ ရှိမည်မဟုတ်ချေ။

'ချိုးနှစ်ကောင် ထနောင်းပင်ညီနောင်က၊ လွမ်းအောင်ကူချွဲ'ဟူသော ကဗျာကလေးကား ကျွန်ုပ်တို့အား ချိုးကူသံကို အမြဲသတိရစေသော ကဗျာပင် ဖြစ်တော့၏။ ချိုးသည် ခိုနှင့်အတူ ကိုလမ်ဗီဒီမျိုးရင်းတွင် ပါဝင်၍ ခိုထက် အနည်းငယ်သာ ငယ်သည်။

မျိုးရင်းတစ်ခုတည်းတွင် ပါဝင်သည့်အတိုင်း ချိုးနှင့် ခို သည် အလေ့အကျင့်နှင့် ပုံပန်းသဏ္ဌာန်တွင် ဆင်တူကြသည်။ သို့သော် ချိုးတွင် အမျိုးပေါင်းများစွာ ရှိသည့် အတွက် တစ်မျိုးနှင့်တစ်မျိုးကို ခွဲခြားသိရန်မှာ များစွာ မလွယ်ကူလှချေ။

ရှေးခေတ် ဟီဗြူလူမျိုးတို့သည် သိုးငယ်များကို ယဇ်ပူဇော်လေ့ရှိကြရာ၊ မတတ်နိုင်သော ဆင်းရဲသားဖြစ်က သိုးအစား ချိုးကို အစားထိုး၍ ပူဇော်ပသနိုင်ခွင့် ရှိလေသည်။ သမ္မာကျမ်းစာတွင် ချိုးကို အပြစ်ကင်းသောငှက်ဟု ဖော်ပြထားသည့် အတိုင်း၊ ထိုစဉ်က ဟီဗြူလူမျိုးတို့သည် ချိုးကို အမြတ်တနိုးထားခဲ့ကြောင်း သိသာနိုင်သည်။ ယခုခေတ်တွင်လည်း ကမ္ဘာ အရပ်ရပ်၌ ငြိမ်းချမ်းရေးအထိမ်းအမှတ်အဖြစ်ဖြင့် ချိုးငှက်ကိုပင် ပုံဆောင်ပြကြလေသည်။

မြန်မာနိုင်ငံတွင် ကျက်စားသော ချိုးအမျိုးမျိုးအနက် ထင်ရှားသောချိုးမျိုးများမှာ ချိုးစိမ်း၊ ချိုးပန်တူး၊ ချိုးလင်းပြာ၊ ချိုးလည်ပြောက်နှင့် ချိုးနီပု သို့မဟုတ် ချိုးနီတိုများ ဖြစ်ကြသည်။ []

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)