မစ်(ဂ်)-၂၁
ပုံပန်းသွင်ပြင်
မစ် - ၂၁
မစ် - ၂၁ တိုက်လေယာဉ်(နေတိုးအခေါ် - fishbed ) သည် ရုရှ၏ Mikoyan-Gurevich ကုမ္ပဏီမှ ထုတ်လုပ်သော နာမည်ကျော် အသံထက်မြန်သည့် တိုက်လေယာဉ် ဖြစ်သည်။ စတင် ထုတ်လုပ်ချိန်မှ ယခုအချိန်အထိ ရာစုနှစ်ဝက်ကျော်တွင် ကမ္ဘာ့နိုင်ငံပေါင်း (၅၀) ကျော်၌ ပျံသန်း တာဝန်ထမ်းဆောင်လျက် ရှိကြသည်။ လေကြောင်းသမိုင်းတွင် အများဆုံး ထုတ်လုပ်ခဲ့ရသည့် အသံထက်မြန်သော တိုက်လေယာဉ် ဖြစ်သည်။ ၄င်း၏ အသံထက် (၂) ဆ ပျံသန်းနိုင်သော အမြန်နှုန်းသည် ခေတ်ပြိုင် တိုက်လေယာဉ်များထက် သာလွန်သော အချက်ပင် ဖြစ်သည်။ စီးရေပေါင်း (၁၀,၀၀၀) ကျော် ထုတ်လုပ်ပြီး ဖြစ်ကြောင်း ခန့်မှန်းကြသည်။
အချက်အလက်များ
- အထွေထွေ
- လေသူရဲ - (၁) ဦး
- လေယာဉ်အလျား - (၁၅.၇၆) မီတာ
- တောင်ပံအလျား - (၇.၁၅) မီတာ
- အမြင့် - (၄.၁၂) မီတာ
- တောင်ပံ ဧရိယာ - (၂၃) စတုရန်းမီတာ
- စွမ်းဆောင်နိုင်မှု
- အမြင့်ဆုံး အမြန်နှုန်း - တစ်နာရီလျှင် (၂၂၃၀) ကီလိုမီတာ ၊ အသံထက် (၂.၁) ဆ
- အဝေးဆုံး သွားနိုင်သည့် အကွာအဝေး - ၁၁၆၀ ကီလိုမီတာ
သုံးစွဲသည့် နိုင်ငံများ
အာဖဂန်နစ်စတန် | အယ်ဘေးနီးယား | အယ်လ်ဂျီးရီးယား | အင်ဂိုလာ |
အဇာဘိုင်ဂျန် | ဘင်္ဂလားဒေ့ရှ် | ဘူလ်ဂေးရီးယား | ဖိုင်:MyanmarF.gif မြန်မာ |
ဖိုင်:Cambodia flag.png ကမ္ဘောဒီးယား | ဖိုင်:China flag.png တရုတ် | ကွန်ဂို | ခရိုအေးရှား |
ဖိုင်:Cuba.png ကျူးဘား | ဖိုင်:Czech Republic.png ချက်ရီပက်ဗလစ် | အီဂျစ် | အီသယိုးပီးယား |
ဖိုင်:Finland flag.jpg ဖင်လန် | ဂျာမဏီ | ဂါနာ | ဖိုင်:Hungary.png ဟန်ဂေရီ |
အိန္ဒိယ | ဖိုင်:Iran flag1.png အီရန် | ဖိုင်:Iraq flag.png အီရတ် | ကာဇက်စတန် |
လာအို | လစ်ဗျား | မာဒါဂတ်စကား | မာလီ |
မွန်ဂိုလီးယား | မိုဇမ်ဘစ် | နိုင်ဂျီးရိးယား | မြောက်ကိုရီးယား |
ယီမင် | ပါကစ္စတန် | ပိုလန် | ရိုမေးနီးယား |
စလိုဗက်ကီးယား | သီရိလင်္ကာ | ဆူဒန် | ဆီးရီးယား |
တန်ဇန်နီးယား | ဗီယက်နမ် | ယူဂိုစလားဗီးယား | ဇမ်ဘီးယား |
ဇင်ဘာဘွေ |