ငါးဖောင်ရိုး
ပုံပန်းသွင်ပြင်
ငဖောင်ရိုး
ပါဏဗေဒအလိုအရ ငဖောင်ရိုးသည် 'စကွမ်ဗရီစိုစီဒေး' (Scomberesocidae) မျိုးရင်းတွင် ပါဝင်သည်။ ငဖောင်ရိုးသည် လုံးလုံးရှည်ရှည် ပုံသဏ္ဌာန်ရှိသည်။ ကျောဆူးတောင်တစ်ခုတည်းရှိ၍ ယင်း၌ ရိုးနုများပါရှိသည်။ မေးရိုးသည် ရှည်လျား၍ ငှက်နှုတ်သီးကဲ့သို့ ချွန်ထွက်နေ၏။ ငါးတောင်ညင်း၊ နှုတ်သီးထိုးတို့သည် ငါးဖောင်ရိုးနှင့် မျိုးချင်းနွယ်သောငါးများ ဖြစ်ကြလေသည်။[၁] အသားမှာ မွဲခြောက်၍နေသည်။ ကုလားငါးခြောက်ဟုလည်း ခေါ်ဆိုကြသည်။ [၂]