(Translated by https://www.hiragana.jp/)
ကရာတေးဒို - ဝီကီပီးဒီးယား မာတိကာသို့ ခုန်သွားရန်

ကရာတေးဒို

ဝီကီပီးဒီးယား မှ
(ကရာတေး မှ ပြန်ညွှန်းထားသည်)
ကရာတေး (空手からて)
Chōmo Hanashiro, an Okinawan karate master c. 1938
Chōmo Hanashiro, an Okinawan karate master c. 1938
အခြားအမည်ကရာတေးဒို (空手からてどう)
Focusထိုးနှက်တိုက်ခိုက်ရေး
မူလနိုင်ငံen:Ryukyu Kingdom (Present day en:Okinawa prefecture, ဂျပန်)
ParenthoodIndigenous martial arts of Ryukyu Islands, တရုတ်ကိုယ်ခံပညာ[၁][၂]
အိုလံပစ် အားကစား၂၀၂၁ တွင် စတင်ထည့်သွင်း
ကရာတေး
Karate World Championship 2006 in Tampere, Finland; men's heavyweight final
စီမံကြီးကြပ်သည့် အမြင့်ဆုံးအဖွဲ့အစည်းကမ္ဘာ့ကရာတေးအဖွဲ့ချုပ်
စတင်တီထွင်သူen:Ryukyu Kingdom, ca. 17th century
ဝိသေသလက္ခဏာများ
ထိတွေ့မှုရှိ
ကျားမ ရောနှောမရှိ
ကဏ္ဍကိုယ်ခံပညာ
အိုလံပစ်၂၀၂၁ တွင် စတင်ထည့်သွင်း
နိုင်ငံ/ဒေသကမ္ဘာတဝှမ်း
ကရာတေးဒို
ခန်ဂျီစာလုံးဖြင့် "ကရာတေး"
ဂျပန်အမည်
Kanji空手からて
Hiraganaからて
ရှိုတိုကန် ကရာတေးပညာစတင်တည်ထောင်သော၊ ကရာတေးသမိုင်းတွင် ဩဇာအကြီးမားဆုံးသော ဆရာကြီး ဖူနာကိုရှိ ဂီချင်း (၁၈၆၈-၁၉၅၇) နှင့် ဂျပန်ကရာတေး အသင်း 日本にっぽん 空手からて 協会きょうかい (Japan Karate Association) နည်းပြချုပ် ဆရာကြီး မာဆာတိုရှိ နာကာရားမား (၁၉၁၃-၁၉၈၇)
ကျိုရှင်ကိုင်းကရာတေး ဆရာကြီး အိုရားမား (၁၉၂၃-၁၉၉၄)
ကရာတေးဒို

ကရာတေးဒို (ကရာတေး (空手からて?), /kəˈrɑːti/; ဂျပန် အသံထွက်: [kaɾate] ( ); Okinawan pronunciation: တမ်းပလိတ်:IPA-ryu) လို့ရေးသားရင်လည်း မမှားပါ။ သို့သော် Japan Karate Association အသင်းအဖွဲ့သာ ရှိသည်။ Japan Karate-do Association ဟူ၍ မရှိပါ။ ထိုကြောင့် ကရာတေး ဟု ရေးသားခြင်းသည် ပိုမိုသင့်တော်မှန်ကန်ပါသည်။ ဂျပန်ဘာသာစကားလုံးကို မြန်မာအသံထွက်ဖြင့် ခေါ်ဆိုထားခြင်းဖြစ်သည်။ မူရင်းဂျပန်ဘာသာ အသံထွက်အတိုင်းရေးပါက ခါရာ့တဲ (ခါရာ့တဲဒို) ဟုလည်း ရေးသားနိုင်သည်။ ကရာတေးဒို အဖွဲ့ချုပ် Karate do federation သည် ကရာတေးလမ်း အဖွဲ့ချုပ် Karate way federation ဟု အဓိပ္ပာယ်ရသည်။ ကရာတေး အဖွဲ့ချုပ် Karate federation သည် ကရာတေး အဖွဲ့ချုပ် Karate federation ဟု အဓိပ္ပာယ်ရသည်။

စကားလုံးတစ်လုံးစီ ကို ဘာသာပြန်ကြည့်ပါက-

  • ကရာ မှာ "empty ဗလာ" ဖြစ်၍၊
  • တေး မှာ "hand လက်"၊
  • ဒို မှာ "way or road လမ်း" ဟု အဓိပ္ပာယ်ရသည်။

ကရာတေး (karate 空手からて) နှင့် ကရာတေးဒို (karate-do 空手からてどう) အတူတူပဲလား![ပြင်ဆင်ရန်]

ကရာတေး (karate 空手からて) နှင့် ကရာတေးဒို (karate-do 空手からてどう) နှစ်မျိုးစလုံးသည် သူ့နည်းသူ့ဟန်နဲ့သူ ကောင်းမွန်ကြသည်။ "Sport karate" ပဲဖြစ်ဖြစ်၊ "Karate-do" ပဲဖြစ်ဖြစ် စစ်မှန်သော နည်းစနစ်များ၊ အစွမ်းထက်သောပညာများ၊ အခြေခံယဉ်ကျေးမှု လူ့တန်ဖိုးများ ပါဝင်ဖို့တော့လိုသည်။ ထိုနည်းတူ "Powerful karate" လို့ပဲပြောပြော၊ "Combative karate" လို့ပဲပြောပြော၊ "Real karate" လို့ပဲပြောပြော၊ Originated karate လို့ပဲပြောပြော စစ်မှန်သောနည်းစနစ်များ၊ အစွမ်းထက်သောပညာများ၊ အခြေခံယဉ်ကျေးမှု လူ့တန်ဖိုးများ ပါဝင်ဖို့လိုသည်။ အကယ်၍ စစ်မှန်သောနည်းစနစ်များ၊ အစွမ်းထက်သော ပညာရပ်၊ ယဉ်ကျေးမှုလူ့တန်ဖိုးများ မပါဝင်သော မည်သည့် karate (ကရာတေး) ဖြစ်စေ၊ မည်သည့် karate-do (ကရာတေးဒို) ဖြစ်စေ တင့်တယ်ကောင်းမွန်မည် မဟုတ်ချေ။ Doing bad things, easy to anger, malice, hatred, belligerence, boastfulness, brutality နှင့် arrogance စသော မကောင်းမှုများကိုသာ ပြုမူနေပါက ထိုသူများသည် ကရာတေး နှင့် မထိုက်တန် ဟု နားလည်ရပါမည်။ အမုန်းတရားရှိသူများ၊ ယဉ်ကျေးမှုမရှိသူများ၊ ရန်လိုသူများ နှင့် စော်ကားလိုသူများ၊ မောက်မာသူများသည် ကရာတေး နှင့် မထိုက်တန် ဟု နားလည်ရပါမည်။ The essence of karate is to be humble and not to be arrogant. The essence of karate is to be humble and not to be belligerent. [၃]

ကရာတေး (karate 空手からて) နှင့် ကရာတေးဂျစ်ဆု (karate-jitsu そら手術しゅじゅつ) အတူတူပဲလား![ပြင်ဆင်ရန်]

အမှန်စင်စစ် ကရာတေးသည် မူလအစတွင် ကရာတေး(Karate) ဟူ၍လည်းကောင်း၊ ကရာတေးဂျစ်ဆု Jitsu= technique (Karate Jitsu そら手術しゅじゅつ) [၄][၅][၆]ဟူ၍လည်းကောင်း ခေါ်ဝေါ်သုံးစွဲခြင်းသည် မူလအမှန်ဆုံးဝေါ်ဟာရဖြစ်သည်။ ("JITSU" can be translated to mean "art" or "technique). ကရာတေးဒို ဆိုသည်မှာ နောက်ပိုင်းကာလမှ ဖြည့်စွက်ခေါ်ဝေါ်သော အမည်နာမတစ်ခုသာ ဖြစ်သည်။ ကမ္ဘာ့ကရာတေးအဖွဲ့ချုပ် WKF (World Karate Federation) ဟူ၍သာရှိသည်။ (The World Karate Federation (WKF) is the largest international governing body of sport karate with over 130 member countries).[၇] World Karate-do Federation ဟူ၍ ဘယ်သောအခါမှ မရှိခဲ့ချေ။ ထိုနည်းတူ Modern karate ၏ ဖခင်ကြီးဟူ၍ ခေါ်တွင်ခြင်းခံသော ဆရာကြီး Funakoshi Gichin ကိုယ်တိုင် နှင့် သူ၏တပည့်ဖြစ်သူ နာမည်ကျော် ကရာတေးဆရာကြီး Masatoshi Nakayama တို့ကိုယ်တိုင် စတင်တည်ထောင်ခဲ့သော ဂျပန်ကရာတေးအသင်း JKA (Japan Karate Association) ဟူသော အမည်ကို သာဓကထား၍ လေ့လာကြည့်ပါက "do" ဟူသော ဝေါဟာရကို မူလနှစ်ပေါင်းများစွာမှပင် ယနေ့တိုင် သုံးစွဲခြင်းမရှိ၊ ပါဝင်ခြင်းမရှိသည်ကို သိရှိနိုင်သည်။ ဂျပန်ကရာတေးအသင်း JKA (Japan Karate Association) ဟူ၍သာရှိသည်။ [၈] (JKA is one of the most influential Shotokan karate organizations in the world. It is also one of the oldest karate organizations continuously in operation until the present. JKA motto is Keepers of Karate's Highest Tradition.[၉] ). Japan Karate-do Association ဟူ၍ ဘယ်သောအခါမှ မရှိခဲ့ချေ။ အပြည်ပြည်ဆိုင်ရာ ရိုးရာ ကရာတေးအဖွဲ့ချုပ် ITKF The International Traditional Karate Federation ဟူ၍သာရှိသည်။ [၁၀]The International Traditional Karate-do Federation ဟူ၍ ဘယ်သောအခါမှ မရှိခဲ့ချေ။

ကရာတေး တွင် ဒို ဟူသော ဝေါဟာရ ဖြည့်စွက်ကာ ကရာတေးဒို ဟူ၍ သုံးစွဲသူများကိုလည်း မှားယွင်းသည်ဟု ပြောဆို၍ မရသော်လည်း မူလတည်ထောင်သူ ကရာတေးဆရာကြီးတို့၏ စကားရပ်နှင့်မူလွဲချော်နေကြောင်း သတိပြုမိသည်။ Sport karate (karate-do) ဖြစ်စေ၊ Real combative karate ဖြစ်စေ၊ traditional karate ဖြစ်စေ အခြေခံ basic (kihon)၊ နည်းစနစ်များဖြင့် ဖွဲ့စည်းထားသောပုံစံ the detailed choreographed patterns of movements practised (kata)၊ တိုက်ခိုက်ခြင်း (သို့) တန်ပြန်တိုက်ခိုက်ခြင်း sparring or free fighting (kumite) များကို စနစ်တကျ မှန်မှန်ကန်ကန် ထိထိရောက်ရောက် သင်ယူလေ့ကျင့်မှု မပါဝင်လျှင် (မရှိလျှင်) ထို ကရာတေးသည် တန်ဖိုးရှိသင့်သလောက်ရှိမည်မဟုတ်ချေ။ အထူးသဖြင့် ရန်လိုခြင်း၊ မာနကြီးခြင်း၊ နှိမ့်ချမှုမရှိပဲ မောက်မာလွန်းခြင်း၊ ရိုင်းစိုင်းခြင်း စသော လုပ်ရပ်များကို လုပ်နေပါက ကရာတေးပညာရပ်အတွက်တန်ဖိုးမရှိသည့်အပြင် ပတ်ဝန်းကျင်လူအများ၏ အထင်သေး အမြင်သေးခံရနိုင်ဖွယ်ရှိသည်။ [၁၁] မူလ “ကရာတေး” ကို ကရာတေး “အမာ” hard skills ဟူ၍လည်းကောင်း၊ “အချ” ကရာတေးဟူ၍လည်းကောင်းအလွယ်ပြောဆိုလေ့ရှိကြောင်း သိရသည်။ ကရာတေးဒိုကို ကရာတေး “အပျော့” soft skills ဟူ၍လည်းကောင်း၊ “အက” ကရာတေးဟူ၍လည်းကောင်း "အလှ" ကရာတေးဟူ၍လည်းကောင်း အလွယ်ပြောဆိုလေ့ရှိကြောင်း သိရသည်။ သို့ရာတွင် အစွမ်းထက်ခြင်း၊ အစွမ်းမထက်ခြင်း၊ လက်တွေ့ဘဝတွင် အသုံးကျခြင်း၊ အသုံးမကျခြင်းတို့သည် လေ့ကျင့်သောကရာတေးပညာရှင်၏ အပေါ်တွင်မူတည်ကြောင်း နားလည်ရပါမည်။ နည်းစနစ်များဖြင့် ဖွဲ့စည်းထားသောပုံစံ KATA တွင်လေ့ကျင့်ခြင်း၌ ကိုယ်အင်္ဂါအစိတ်အပိုင်းတို့၏ လှုပ်ရှားခြင်းသည် ညီညွတ်စေရန် အရေးကြီးသည်။ ယင်းညီညွတ်မှုကို ရရှိနိုင်ရန် စည်းချက် ဝါးချက်ရှိဖို့ rhythm, timing, speed, power, balance and sequence ညီညွတ်ရန်လိုလေသည်။ စည်းချက်ဝါးချက်ဖြင့် ကိုယ်လက် လှုပ်ရှား ကစားခြင်းကို စည်းဝါးကိုက် kata လေ့ကျင့်ခြင်း ဟု ခေါ်သည်။ စည်းချက်ကျအောင် လှုပ်ရှားတတ်ရသည်။ ယိမ်းကရာ၌ကဲ့သို့ စနစ်တကျညီညာစွာလှုပ်ရှားတတ်ဖို့လည်းလိုပေသည်။ မြန်လျှင် မြန်သကဲ့သို့၊ နှေးလျှင်နှေးသကဲ့သို့ စိတ်ရော ကိုယ်ပါလိုက်၍ လှုပ်ရှားလေ့ကျင့်ရသည်။ Kata များကို စနစ်တကျ မှန်မှန်ကန်ကန် ထိထိရောက်ရောက် သင်ယူလေ့ကျင့်မှု မပါဝင်လျှင် (မရှိလျှင်) ထို ကရာတေး / ကရာတေးဒို သည် တန်ဖိုးရှိသင့်သလောက်ရှိမည်မဟုတ်ချေ။ [၁၂]

COMBAT Karate (real powerful karate) သည် kihon, kata, kumite နည်းစနစ်များ(sport things and fighting arts or fighting methods) ကို စနစ်တကျ လေ့ကျင့်ရုံသာမက street fights နှင့် ground fights များတွင် ထိရောက်စွာ အသုံးဝင်လှကြောင်း၊ စွမ်းအားထက်မြက်သော ကရာတေးနည်းစနစ်များ (Powerful techniques) နှင့် ထိရောက်သော တိုက်ခိုက်ရေးနည်းစနစ်များ (effective combat trainings) ပါဝင်ပြီး အစွမ်းရှိလှကြောင်း၊ အထူးသဖြင့် အနီးကပ်တိုက်ပွဲများ (Close Quarter Combat (CQC))၊ တပ်မတော် ကွန်မန်ဒိုများ (army commando) နှင့် ရဲကွန်မန်ဒိုများ (police commando) အတွက် အထူးအသုံးဝင်လှကြောင်း၊ ထို့ကြောင့် အနောက်နိုင်ငံများတွင် combative karate (real powerful karate) ကို သင်ယူလေ့ကျင့်သူ အထူးများပြားရခြင်းဖြစ်သည်ဟု ဆိုသည်။ Karate are codified systems and traditions of combat practices, which are practiced for a variety of reasons: self-defense, competition, physical health and fitness, entertainment, as well as mental, physical, and spiritual development.

ကရာတေး 空手からて ("empty hand") (လက်နက်မဲ့ ခုခံကာကွယ်ခြင်း)[ပြင်ဆင်ရန်]

ကရာတေးလက်နက်မဲ့ ခုခံကာကွယ်ခြင်းမှာ မိမိအနေဖြင့် တိုက်ခိုက်သူ၏ မမျှော်လင့်နိုင်သော တိုက်ခိုက်မှုကို ရုတ်တရက် လျင်မြန်စွာ ရှောင်တိမ်းကာ ၎င်းတိုက်ခိုက်သူ ရန်သူအား မိမိကို ဆက်လက်မတိုက်ခိုက်နိုင်စေရန် ချက်ချင်း ပြန်လည် ခုခံထိန်းချုပ်ကာကွယ်ခြင်းပင်ဖြစ်သည်။ မိမိမှ ကြိုတင်တိုက်ခိုက်ခြင်းမဟုတ်ပဲ မိမိအား လာရောက်ထိပါးမှသာ တုံ့ပြန်ကာကွယ်ခြင်းပင်ဖြစ်သည်။ There is no first attack in Karate " 空手からて先手せんてなし " (Karate ni sente nashi) ဖြစ်သည်။ Combative ကရာတေး တတ်လျှင် မိမိထက် အင်အား ဗလ သာသည်လည်းဖြစ်စေ၊ လက်နက်သာသည်လည်းဖြစ်စေ၊ တယောက်ထက်များသည့် ရန်သူကိုလည်းဖြစ်စေ ကောင်းစွာ ခုခံကာကွယ်တန်ပြန်တိုက်ခိုက်နိုင်သည်။ အမျိုးသား၊ အမျိုးသမီးဖြစ်စေ၊ လူတိုင်းဖြစ်စေ၊ ကရာတေးကိုယ်ခံပညာရပ်ကိုသင်ကြားလေ့ကျင့်နိုင်ကြသည်။ COMBAT Karate တွင် မိမိကိုယ်မိမိ ယုံကြည်မှု (Self-confidence )၊ နိမ့်ချစိတ်ရှိခြင်း (Humility)၊ ခွန်အား(Strength)၊ အမြန်နှုန်း(Velocity)၊ သက်လုံ(Stamina)၊ အာရုံစူးစိုက်မှု (Concentration) နှင့် နည်းစနစ်(Technique/Method) တို့သည် မရှိမဖြစ်လိုအပ်သော အဓိကအရေးကြီးသောအရာများဖြစ်သည်။

ကရာတေး ကိုယ်ခံပညာ ဆိုသည်မှာ မိမိ၏ လုံခြုံမှုအတွက် ခုခံကာကွယ်သော နည်းပညာ များကိုဆိုလိုသည်။ တစ်နည်းအားဖြင့် ကိုယ်လုံပညာဟုလည်းခေါ်ဝေါ်သုံးစွဲကြသည်။ မည်သူမဆို မိမိ၏အသက်၊အရှက်၊လုံခြုံမှုကို ထိပါးနှောက်ယှက်လာလျှင် ခုခံကာကွယ်ခွင့် (The Right to Equal Protection or The right of self-defense) ရှိပေရာ ခုခံကာကွယ်မှုနည်းပညာများသည်လည်း နိုင်ငံအလိုက် လူမျိုးစုအလိုက် အမျိုးမျိုး ပေါ်ထွန်းလာကြပေသည်။ The right of self-defense (also called, when it applies to the defense of another, alter ego defense, defense of others, defense of a third person) is the right for persons to use reasonable force or defensive force, for the purpose of defending one's own life or the lives of others, including, in certain circumstances, the use of deadly force. ကိုယ်ခံပညာအနေဖြင့် မိမိအား နှောက်ယှက်ထိပါး စော်ကားသူများအား အချိန်မဆိုင်းပဲ ချက်ချင်း ခုခံကာကွယ်တိုက်ခိုက်ခြင်းဖြစ်ပေရာ မိမိအနေဖြင့် လက်ချည်းသက်သက်(လက်နက်မဲ့) ခုခံကာကွယ်ခြင်း၊ နီးစပ်ရာ လက်နက်ဖြင့် ခုခံကာကွယ်ခြင်း၊ ကြိုတင်စီမံထားသော လက်နက်ဖြင့် ခုခံကာကွယ်ခြင်း စသည်ဖြင့် အမျိုးအစား ခွဲခြားနိုင်ပေသည်။ မိမိ၏အသက်၊အရှက်၊လုံခြုံမှုအတွက်နှင့် မိမိ၏တိုင်းပြည်၊လူမျိုး၊ဘာသာ၊သာသနာအတွက် ကရာတေး ကိုယ်ခံပညာ (karate's explosive power, combative ကရာတေး- စစ်ပညာ) ကို ၁၀၀% အသုံးပြုခွင့်ရှိသည်။ ကရာတေးကိုယ်ခံပညာမှာ လာရောက်ထိပါးသူများကိုသာမိမိအနေဖြင့် ခုခံကာကွယ်တန်ပြန်တိုက်ခိုက်ခြင်းဖြစ်ပြီး၊ ၎င်းထိပါးသူများအား အကျိုးနစ်နာစေရန် ရည်ရွယ်တိုက်ခိုက်ခြင်း မရှိရပေ။ The laws on self-defense vary from one event to another event, but in general you're allowed to use reasonable physical force to protect yourself from imminent or immediate physical injury. You can only use that amount of force that's necessary to stop the threat of harm. The other person lunges at you or tries to punch you, kick you, you can protect (counter attack) yourself by fighting back. If you fight back and the other person gives up or is unable to defend himself, you do NOT continue to hit him - it's an unreasonable use of force. [၁၃] ကမ္ဘာ့နိုင်ငံ (၁၉၀) ကျော်တွင်၊ လူဦးရေ (သန်း၅၀ ကျော်) သည် လက်နက်မဲ့ကရာတေး ကိုယ်ခံပညာရပ်ကိုလေ့ကျင့်နေကြသည်။ [၁၄][၁၅]ကရာတေး ကစားခြင်းမှ စွမ်းရည် အသစ်အကျိုးကျေးဇူးများကို တိုးပွားလာစေနိုင် သလို မိမိကိုယ်မိမိ ယုံကြည်မှု (Self-confidence ) ကိုလည်း တည်ဆောက်နိုင်စေသည်။

သိပ္ပံနည်းကျ ကရာတေး နှင့် သင်ကြားခြင်း၊ သင်ယူခြင်းပညာ[ပြင်ဆင်ရန်]

ကိုယ်ခံပညာသိပ္ပံပညာရပ်တစ်ခုဖြစ်ပြီး သင်ကြားခြင်း၊ သင်ယူခြင်းများ နှင့် ဆက်နွှယ်နေသည့် ကျွမ်းကျင်မှု ဆိုင်ရာလုပ်ငန်းရပ်များရှိသည်။ စနစ်ကျကျ နှင့် သင်ရိုးညွှန်းတမ်းဖြင့် သင်ကြားခြင်း၊ သင်ယူခြင်း၊ နက်နဲသိမ်မွေ့သည့် ဇင်ဗုဒ္ဓဘာသာ အသိဉာဏ်ပညာဆိုင်ရာဗဟုသုတများပါဝင်သည်။ စွမ်းဆောင်နိုင်ရည်များ၊ ကိုယ်ကျင့်တရားများစသည်တို့ကို သင်ကြား ပေးသည်။ ဇင်ဗုဒ္ဓဘာသာနှင့် များစွာ ပေါင်းစပ်နေကြောင်း တွေ့ရသည်။

Real ကရာတေး၏အရေးအကြီးဆုံးအချက်(၃) ချက်သည် (၁) နည်းစနစ် (Methods) (၂) နည်းစနစ်ကျခြင်း(Systematisation) နှင့် (၃) ထိရောက်ခြင်း (Effectiveness) ဖြစ်သည်။ ယဉ်ကျေးသိမ်မွေ့ခြင်း(Courtesy)၊ ရိုးသားဖြောင့်မတ်ခြင်း (Honesty)၊ နိမ့်ချစိတ်ရှိခြင်း (Humility)၊ ညည်းခံခြင်း (Patience)၊ ခွင့်လွှတ်ခြင်း (Forgiveness) စသည်တို့သည် ကရာတေး practitioners အားလုံးတို့အတွက်အလွန်အရေးကြီးသည်။ မည်သည့်နည်းစနစ်ကိုမည်သို့သုံးခြင်းက powerful and effective အထိရောက်ဆုံးဖြစ်မည်နည်း..... မည်သို့သောအသိပညာများရရှိစေရန် သင်ကြားပေးသင့်သနည်း..... မည်သည့်နည်းစနစ်သည် အဆီလျော်ဆုံး ဖြစ်မည်နည်း.... မှန်ကန်ပြီး စနစ်ကျသည့် ကရာတေးပညာကို မည်သို့ဆက်လက်ထိန်းသိမ်းထားအောင်ကြံဆောင်မည်နည်း.... Basic techniques and Powerful techniques , Sport and Combatives , Belligerence and Tolerance , Arrogance and Humility , Cowardice and Courage , Form and Content , Phenomenon and Essence , Essence and Appearance , Normal Training and Intensive Training စသည့်အချက်များသည် ကရာတေးပညာရေးနှင့်ပတ်သက်၍ ကရာတေးဆရာများ ကရာတေးနည်းပြချူပ်များ အလေးထားစဉ်းစားနားလည်ရမည့်အချက်များဖြစ်သည်။

အသုံးချမှုသိပ္ပံပညာများ (Applied Sport Science ) ပါဝင်သည်။ ကရာတေးကျွမ်းကျင်မှု ဆိုင်ရာများတွင် စွမ်းအား(Power)၊ စက်ဝိုင်းပုံသဏ္ဌာန်လည်ပတ်ရွေ့လျားသည့်အရှိန် (Centripetal Acceleration)[၁၆]၊ မျဉ်းဖြောင့်လှုပ်ရှားမှုအရှိန်(Linear acceleration) ၊ နည်းပရိယာယ်(Tactics)၊ အား (နယူတန် ၏ ရွေ့လျားမှု ဆိုင်ရာ ဒုတိယနိယာမ Force = Mass x Acceleration)၊ စက်ဝိုင်းပုံသဏ္ဌာန်လည်ပတ်ရွေ့လျားသည့်အား (centrifugal force) ၊ ဂရက်ဗီတေးယှင်း ကမ္ဘာမြေကြီးဆွဲအား(Gravitation) ၊ မိုမင်တမ် (ခေါ်) အဟုန်(Momentum) ၊ မျဉ်းဖြောင့်အတိုင်း ရွေ့လျားသည့်လှုပ်ရှားမှု(Linear motion)၊ စက်ဝိုင်း ပုံသဏ္ဌာန်ရွေ့လျားသည့် ရွေ့ရှားမှု(Circular motion)၊ တော်ဆို ရိုတေးယှင်းနယ် ဖို့စ် (ခေါ်) တင်ပဆုံ ခြေသလုံး ဝမ်းဗိုက်ပိုင်း ခါး နှင့် အထက်က ရင်ခေါင်းပိုင်း လက်မောင်း လက်ဖျံ ပေါင်းစပ်လည်ပတ်ရွေ့လျားသည့် အား (Torso rotational force)၊ အင်နားရှား(Inertia)၊ အလုပ်ပြီးခြင်း (Workdone)၊ အလျင် အမြန်နှုန်း(Velocity)၊ ပါဝါ(power) နှင့်လှုပ်ရှားမှု(Movement) ...စသည့် သိပ္ပံနည်းကျကျ သင်ရိုးညွှန်းတမ်း အချက်များပါဝင်သည်။ လေ့လာတွေ့ရှိချက်များအပေါ်မှ စမ်းသပ်ခံနိုင်သော ကိုယ်ခံပညာသိပ္ပံ ပညာတွင် အခြေခံသည်။ ရုပ်ပိုင်းဆိုင်ရာစွမ်းအား(physical power)၊ စိတ်ပိုင်းဆိုင်ရာစွမ်းအား(spiritual power) ဆိုင်ရာ သီအိုရီ နှင့် လက်တွေ့ကျင့်စဉ် ဟူ၍ပါဝင်သည်။[၁၇] [၁၈][၁၉][၂၀][၂၁]

ဂျပန်ပြည်ကရာတေးကိုယ်ခံပညာ နှင့် ဇင်ဗုဒ္ဓဘာသာအစ- ဆရာတော် ဗောဓိဓမ္မ က[ပြင်ဆင်ရန်]

ဇင် (ဈာန်) ဗုဒ္ဓဘာသာသည် ဂျပန် တွင် ကိုးကွယ်ကျင့်သုံးကြသော မဟာယာနဗုဒ္ဓဘာသာ တစ်မျိုး ဖြစ်ပြီး သတ္တဝါအားလုံးအား အကြမ်းမဖက်ရေးနှင့် သုညတ ဝါဒ (Śūnyatā) [၂၂] တရား လမ်းစဉ်ပေါ်တွင် အခြေခံထားသည်။ သုညတ မှာ ဘာမျှမရှိ ဟုအဓိပ္ပာယ်ရသည်။ (သို့ရာတွင် မဟာယာန ဗုဒ္ဓဘာသာ ဇင်ဗုဒ္ဓဘာသာတို့၏ သုညတဝါဒ Sunyata そら (仏教ぶっきょう) သည် ထေရဝါဒ ဗုဒ္ဓဘာသာ၏ သုညတဝါဒ Sunyata နှင့် မတူကွဲပြားကြောင်း ပါမောက္ခချုပ်ဆရာတော်ကြီး ဘဒ္ဒန္တဒေါက်တာနန္ဒမာလာဘိဝံသ က ဟောကြားတော်မူခဲ့သည်။) အလုံးစုံငြိမ်းချမ်းခြင်း၊ ပြုပြင်ပြောင်းလဲမှု မရှိသော အေးငြိမ်းချမ်းသာမှု၊ တဏှာမရှိခြင်း၊ တဏှာမှ ကင်းလွတ်ခြင်း၊ ဒုက္ခမှ အပြီးတိုင်လွတ်မြောက်ခြင်း၊ စွန့်လွတ်ခြင်း၊ လွတ်မြောက်ခြင်း၊ မကပ်ငြိခြင်း၊ ပူဆွေးမှု မရှိခြင်း၊ ငိုကြွေးမှုမရှိခြင်း၊သောက မရှိခြင်း၊ အညစ်အကြေး ကိလေသာ မရှိခြင်း စသည်တို့ဖြစ်သည်။ မိုးကုတ်ဆရာတော်ဘုရားကြီး ၏ သုညတ (အနတ္တ) တရား မှာကျယ်ပြန့်စွာလူအများ နာကြားနေကြဆဲဖြစ်သည်။ [၂၃] တရုတ်ပြည်တွင်ဆရာတော် ဗောဓိဓမ္မ ကို ( いたる Bodhidharma) ချန်ဗုဒ္ဓဘာသာ( Chan Buddhism) နှင့် ရှောင်လင် ကွန်ဖူးကိုယ်ခံပညာတို့ ၏ ရှေ့ဆောင်ဦးစီးဦးကိုင်စတင်တည်ထောင်သူအဖြစ် ဖော်ပြကြသည်။

ရှောင်လင်ကျောင်းတော်သည်တရုတ်ကိုယ်ခံပညာနှင့် အထူးသဖြင့် ရှောင်လင်ကွန်ဖူးနှင့် တွဲဖက်၍ နှစ်ရှည်လများ ထင်ရှားခဲ့သည်။ အနောက်ကမ္ဘာတွင် နာမည်ကျော်ကြား လူသိအများဆုံး မဟာယာနဗုဒ္ဓဘာသာ ကျောင်းတော်တစ်ခုဟုပင်ဆိုနိုင်သည်။ ဆရာတော် ဗောဓိဓမ္မ ( Around 520 အေဒီ ) သည် တရုတ်ပြည်တွင် ချန် ဗုဒ္ဓဘာသာကို စတင်တည်ထောင်ခဲ့သည်။ ဆရာတော် ဗောဓိဓမ္မ (Father of Zen Buddhism) သည် ဗုဒ္ဓသာသနာတော် ပြန့်ပွားရေးအတွက် (5th/6th century) တွင် တရုတ်ပြည်ရှောင်လင်ဘုရားကျောင်းသို့ ရောက်ရှိခဲ့သော အိန္ဒိယလူမျိုး တရားပြ ဆရာတော်ဖြစ်သည်။ မဟာယာန ဇင်ဗုဒ္ဓဘာသာ တွင် ကမ္ဘာတွင် နာမည်ကျော်ကြား လူသိအများဆုံးဆရာတော် ဖြစ်သည်။ ဆရာတော် ဗောဓိဓမ္မ ၏ ဘခမည်းတော်သည် အိန္ဒိယနိုင်ငံ Kanchipuram Pallava ၏ ဘုရင်Tamil Pallava ဖြစ်သည်။[၂၄] တရုတ်ပြည်ရှောင်လင်ဘုရားကျောင်းသို့ ရောက်ရှိခဲ့ပြီးရှောင်လင် ကိုယ်ခံပညာ နှင့် ချန်ဗုဒ္ဓဘာသာ ကို စံနစ်တကျ သင်ကြားလေ့ကျင့်ပေးခဲ့သည်။ ဂျပန်ပြည်တွင်ဆရာတော်ဗောဓိဓမ္မ ကို 達磨だるま Daruma)၊ ဇင်(ဈာန်)ဗုဒ္ဓဘာသာ(Zen Buddhism) နှင့် ဂျပန် ကရာတေး ကိုယ်ခံပညာတို့၏ရှေ့ဆောင် ဦးစီး ဦးကိုင်စတင်တည်ထောင်သူအဖြစ် ဖော်ပြကြသည်။ ဆရာတော် ဗောဓိဓမ္မ သည် ကိုယ်ခံပညာ သမိုင်းတွင် ဩဇာအကြီးမားဆုံးသော သူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ ဇင်ဗုဒ္ဓဘာသာတရားရှုမှတ်ခြင်း Zazen[၂၅] 坐禅ざぜん သည်ထင်ရှားကျော်ကြားသည်။ [၂၆][၂၇][၂၈]

ကရာတေး ကျင့်စဉ်(၁၀) ချက်[ပြင်ဆင်ရန်]

ကရာတေးလက်နက်မဲ့ ကိုယ်ခံပညာရပ်ကျင့်စဉ်တွင် အရေးပါသည့် အချက်(၁၀) ချက်နှင့် ဖွဲ့စည်းထားသည်။

  • မှန်ကန်ပြီး စနစ်ကျသည့် လေရှူရှိုက်ခြင်း (Concentration and breathing)၊
  • သီအိုရီ နှင့် စနစ်ကျသည့်လက်တွေ့ လေ့ကျင့်ခန်း ပြုလုပ်ခြင်း (Training theory and practice)၊
  • အားကစား နှင့် ခုခံတိုက်ခိုက်ခြင်းကိုယ်ခံပညာ(စစ်ပညာ)(Sport Karate and Combat Karate Martial arts)
  • အနားယူခြင်း (Relaxation)၊
  • ရိုးသားဖြောင့်မတ်ခြင်း (Honesty)
  • သည်းခံခြင်း (Patience or forbearing)[၂၉]
  • ခွင့်လွှတ်ခြင်း (Forgiveness)
  • ယဉ်ကျေးခြင်း (Courtesy)
  • အကောင်းမြင်ဝါဒကျင့်သုံးခြင်း (Optimism)၊
  • တရားထိုင်ခြင်း (Meditation) [၃၀]တို့ ဖြစ်သည်။

ကရာတေးဆရာ(Sensei 先生せんせい/Teacher/Instructor) ၏တာဝန် နှင့် ကျောင်းသား Learner (student) ဗဟိုပြု သင်ကြားရေးစနစ်[ပြင်ဆင်ရန်]

ကျောင်းသား(student) ဗဟိုပြုသင်ကြားရေးစနစ်အား Learner ဗဟိုပြု သင်ယူမှုချဉ်းကပ်နည်း ဟူ၍ ခေါ်ပါသည်။ ကရာတေးပညာရေးစနစ်တွင် အဓိကပြုပြင်ပြောင်းလဲမှုများအနေဖြင့် ဆရာဗဟိုပြုသင်ယူမှုချဉ်းကပ်နည်း Teacher Centered မှ ကလေးဗဟိုပြု သင်ယူမှုချဉ်းကပ်နည်း Student Centered သို့ လည်းကောင်း၊ normal training ပုံစံမှ special intensive training စွမ်းရည် တိုးတက်အောင် ပြုစုပျိုး ထောင်သည့်ပုံစံ သို့လည်းကောင်း၊ normal belt level စာမေးပွဲစနစ်မှ applied karate and practical useful martial arts စနစ် သို့လည်းကောင်း၊ ကိုယ်ကျင့်တရား(morality) နှင့် ယဉ်ကျေးမှု (courtesy along with manners, etiquette, moral ethics) သင်ကြားရေးစနစ်များကို ပြုပြင်ပြောင်းလဲဆောင်ရွက် လျက်ရှိကြောင်း တွေ့ရသည်။ "ကရာတေးပညာရှင် (ဆရာ) များ သည် သည်းခံခြင်း၊ လူ့ကျင့်ဝတ်ဆိုင်ရာများ၊ စွမ်းဆောင်နိုင်ရည်များ၊ ကိုယ်ကျင့်တရားများ၊ စာပေ၊ စစ်ပညာ combative martial arts၊ နည်းစနစ် (Method)၊ နည်းစနစ်ကျခြင်း(Systematisation)၊ ကရာတေးပညာ ပရိယာယ်များ၊ နည်းစနစ်များကို ကျောင်းသား Learner များအားသင်ကြားပေးနိုင်စွမ်းရှိရမည် ဖြစ်သည်။ နည်းစနစ်အမာ powerful technical skills နှင့် နည်းစနစ်အပျော့ soft technical skills များအားပိုင်နိုင်စွာသင်ကြားပေးနိုင်စွမ်းရှိရမည် ဖြစ်သည်။ powerful combative karate နှင့် sport karate များအားသင်ကြားပေးနိုင်စွမ်းရှိရမည် ဖြစ်သည်။ ကမ္ဘာ့ကရာတေးအဆင့်တွင်လည်း ကျောင်းသားဗဟိုပြုသင်ကြားရေးစနစ် Student Centered Learning အနေဖြင့် white Belt များမှသည် Advanced black belt (Dan) အဆင့်အထိ ပြုပြင်ပြောင်းလဲနေကြောင်း တွေ့ရသည်။"..... "ကမ္ဘာကလက်ခံထားသည့် Learner ဗဟိုပြု သင်ကြားရေးစနစ်ဆိုသည်မှာ စွမ်းအားထက်မြက်သည့်စနစ်တစ်ခုဖြစ်သည်။ သင်ယူရာတွင် ပါဝင်ရမည့်အကြောင်းအရာများကျွမ်းကျင်ခြင်း၊ အကဲဖြတ်ခြင်းများ၊ စွမ်းဆောင်နိုင်ရည်များ၊ ကိုယ်ကျင့်တရားများ၊ မှန်ကန်ပြီး စနစ်ကျသည့်သင်ကြားမှု ကျွမ်းကျင်မှု(teaching qualities and skills) မှာ ကရာတေးနည်းပြဆရာများ ကရာတေးပညာရှင် များ နှင့် ကရာတေးဆရာကြီးများ၏ တာဝန် ဖြစ်သည်။ မရှိမဖြစ်လိုအပ်သော(Essential abilities) အရည်အချင်းကောင်းများဖြစ်သည်"......"ကရာတေး ပညာရှင်(chief instructor-နည်းပြချုပ်) များသည်သင်ကြားမည့် ဗျူဟာများ နည်းစနစ်များကိုပိုင်နိုင်စွာတတ်သိကျွမ်းကျင်ရမည်။ မည်သည့်အချိန်တွင် မည်သည့်ဗျူဟာ မည်သည့်နည်းစနစ်ကို သုံးရမည်ကိုလည်း ကောင်းစွာသိထားရမည်။ သင်ကြားမည့် သင်ယူမည့်ဘာသာရပ်များနှင့်ပတ်သက်သော အထောက်အထား (resources) တို့ကို ရအောင်ယူ၊ သိအောင်ပေး၊ အကျိုးရှိစေရေးကို ဦးစားပေးရမည်။ အားသာချက်၊ အားနည်းချက်များကို ကောင်းစွာဝေဖန်သုံးသပ် နိုင်စွမ်းရှိသူများဖြစ်ရမည်။ သင်ကြားမှု သင်ယူမှုဖြစ်စဉ်တစ်ခုလုံးကို ကောင်းစွာနားလည်သဘောပေါက်ထားသူလည်းဖြစ်ရမည်။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးခိုင်းနိုင်သူလည်းဖြစ်ရမည်။ ဆရာဆိုသည်မှာ ကျောင်းသားများအတွက် စံပြုလောက်အောင်စံပြဆရာ ဖြစ်ရမည်။ ကိုယ်ကျင့်တရားအရာတွင် ဖြူစင်သူများ ဖြစ်ရန်လိုသည်။ အချိန်အတိုင်းအတာတစ်ခုအတွင်း တတ်သိသင့်သည်ကို တတ်သိနိုင်ရန်ကောင်းစွာဝေဖန်သုံးသပ်နိုင်စွမ်းသင်ကြားနိုင်စွမ်း ရှိသူများဖြစ်ရမည်။ ဘဝတစ်သက်တာပညာရှာ၊ ကျွမ်းကျင်မှုဦးစားပေးပညာရေး (lifelong learning education and skills priority education) ဖြစ်စေရမည်"... [၃၁] [၃၂]ဟု Soshiki ကရာတေး နည်းပြချူပ် Professor ဦးမြင့်ကြွယ်( မြို့မ-မြင့်ကြွယ်) [၃၃] က မှတ်ချက် ပြုခဲ့သည်။

ကရာတေးပညာ နှင့် အသက်ရှူခြင်း (breathing)[ပြင်ဆင်ရန်]

အသက်ရှူခြင်း (breathing) ကျင့်စဉ် သည် ကရာတေးပညာရှင်တို့အတွက် မရှိ မဖြစ်လိုအပ်သည်။ အသက်ရှူခြင်းဖြင့် အောက်ဆီဂျင်ကို ကိုယ်ခန္ဓာအစိတ်အပိုင်း အသီးသီးသို့ ပို့ဆောင်ပေးပြီး၊ ခန္ဓာကိုယ်အတွက် မလိုအပ်သော ကာဗွန်ဒိုင်အောက်ဆိုက်ကို ဖယ်ထုတ်ပေးသည်။ အသက်ရှူခြင်းနှင့် သွေးကြောတွင်း သွေးလည်ပတ်မှုတို့မှာ ဆက်စပ်လျက် ရှိသည်။ ပထမဦးဆုံး အသက်ရှူသွင်းသည့်အခါ အဆုတ်ထဲသို့ အောက်ဆီဂျင်နှင့် အခြားဓာတ်ငွေ့များ ရောက်ရှိသွားသည်။ ထိုမှတဆင့် အဆုတ်တွင်ရှိသော ဆံခြည်မျှင်သွေးကြောထဲသို့ ထိုဓာတ်ငွေ့များစိမ့်ဝင်သွားသည်။ ထိုသွေးကို နှလုံးမှ ညှစ်ထုတ်ပြီး ခန္ဓာကိုယ်အနှံ့ လည်ပတ်စေကာ အောက်ဆီဂျင်ဓာတ်ငွေ့ကို ရရှိစေသည်။ မလိုအပ်သော ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့မျးကို ပြန်လည်သယ်ဆောင်လာပြီး အဆုတ်မှတဆင့် လေထုထဲသို့ ပြန်လည်စွန့်ထုတ်သည်။ အသက်ရှူသွင်းခြင်း(breathe in) လေ့ကျင့်ခန်း အသက်ရှူထုတ်ခြင်း(breathe out) လေ့ကျင့်ခန်းကျင့်စဉ်သည် ကရာတေးပညာရှင်တို့အတွက် မရှိ မဖြစ်လိုအပ်သည်။ ကမ္မဋ္ဌာန်း တရားထိုင်ခြင်း(Meditation) သမထအလုပ်သည် မိမိစိတ်ဓာတ်၏ ဖြူစင်မှု တိုးပွားလာအောင် အားထုတ်ရသော အလုပ်မျိုးဟု ဆိုလိုသည်။ သမထ ဟူသည် အာရုံခြောက်ပါး၌ လွင့်ပါးချောက်ချား၍ နေသောစိတ်ကို တစ်ခုတည်းသော အာရုံ၌ သမ္မာသတိ(Right mindfulness) စွဲမြဲစွာ သက်ဝင် စေ၍ စူးစူးစိုက်စိုက် သမ္မာသမာဓိ(Right Concentration) တည်တည်တံ့တံ့ ရှုခြင်းသဘောဖြစ်သည်။

ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းတွင်ကိုယ်ခံပညာ စတင်ဖြစ်ပေါ်လာပုံ[ပြင်ဆင်ရန်]

ဂျပန်၏ ကရာတေးပညာရေးစနစ်သည် ဘာသာရေး(ဇင်ဗုဒ္ဓဘာသာ) နှင့် အတော် လေး ဆက်စပ်နေသည်။ ကျောင်းသင်ပညာရေးစနစ်ကို ဗုဒ္ဓဘာသာဘုရားကျောင်း များမှတစ်ဆင့်ချုပ်ကိုင်ထားပြီး ဗုဒ္ဓ စာပေများကို ဘုန်းတော်ကြီးများ မှတစ်ဆင့် သင်ကြားလေ့လာကြရသည်။ ကရာတေးကိုယ်ခံပညာကို အိုကီနာဝါကျွန်းတွင် အိုကီနာဝါ တေး(Okinawa te) အဖြစ် စတင်ခေါ်ဆိုခဲ့သည်။[၃၄] ကရာတေးသည် လက်နက်ကိရိယာမပါဘဲ ‌ခြေနှင့် လက်ကိုအသုံးပြုလျက် တစ်ဘက် ရန်သူကို လျှပ်တစ်ပြက် powerful တန်ပြန်တိုက်ခိုက်နိုင်‌သော ဂျပန်ရိုးရာ ကိုယ်ခံပညာတစ်ရပ် ဖြစ်သည်။ ၁၄၂၉-၁၈၇၉ ခုနှစ်များအတွင်း ဂျပန်နိုင်ငံ အိုကီနာဝါကျွန်း(Okinawa Island)[၃၄] [၃၅][၃၆][၃၇]တွင် စတင်ခဲ့သော ခြေထောက်ဖြင့် တိုက်ခိုက်ခြင်း နည်းပညာကို အခြေခံသည့် ဂျပန်ရိုးရာ ကိုယ်ခံပညာ တစ်ရပ်ဖြစ်သည်။ ကရာတေး ဖြစ်ပေါ်လာပုံနှင့် ပတ်သက်၍ ရှင်းလင်းချက် အမျိုးမျိုးရှိသည်။ ယေဘူယျအဖြစ် လူသိများသော ရှင်းလင်းချက်မှာ အိုကီနာဝါဒေသ၏ တိုက်ခိုက်ရေးပညာမှ “လက်”ပိုင်းဆိုင်ရာ နည်းဗျူဟာတွင် တရုတ်ရိုးရာ ကိုယ်ခံပညာကို ပေါင်းစပ်ထားခြင်းဖြင့် တီထွင်အဆင့်မြှင့်ထား သည်ဟု ယူဆနိုင်သည်။ ဂျပန်နိုင်ငံ၏ တိုင်းရှောခေတ် Taishō period (၁၉၁၂-၁၉၂၆) [၃၈]အတွင်း အိုကီနာဝါကျွန်းမှ အခြားခရိုင်များသို့ ပြန့်နှံ့လာခဲ့သည်။ ဆရာကြီး ဖူနာ့ကိုရှိ၊ ဂိချင်း (the founder of modern Karate-do) ကို ဂျပန်ရိုးရာ ရှိုတိုကန် ကရာတေးကိုယ်ခံပညာစတင်တည်ထောင်သူအဖြစ် ဖော်ပြကြသည်။

ဇင်ဗုဒ္ဓဘာသာနှင့် ဆရာကြီး ဖူနာကိုရှိ၊ ဂီချင်း တို့၏ ကရာတေး(Karate) နှင့်(Kara) "ဗလာ"[ပြင်ဆင်ရန်]

ဆရာတော် ဗောဓိဓမ္မ အစရှိသော ဇင်ဗုဒ္ဓဘာသာ အဆုံးအမများ နှင့် ဆရာကြီး ဖူနာကိုရှိ ဂီချင်း တို့သည် ကရာတေး(Karate) ၏ (Kara) ဗလာ ကို ......" မိမိအား နှောက်ယှက်ထိပါး စော်ကားသူများအား မိမိအနေဖြင့်အချိန်မဆိုင်းပဲ ချက်ချင်း လက်ချည်းသက်သက်("လက်နက်မဲ့ Unarmed Combat ") ဖြင့် ခုခံကာကွယ်ခြင်း " ......ဟုဖော်ပြခဲ့သည်။ ကရာ(Kara) ၏ ဗလာ ကို ငါ-အတ္တဝါဒစိတ် (Ego/Un-selfish) မရှိခြင်း/ ဗလာဖြစ်ခြင်း၊ အမုန်းတရား (Hatred) နှင့် မကောင်းမှုစိတ် စသောစိတ်အညစ်အကြေး မရှိခြင်း/ ဗလာဖြစ်ခြင်း၊ လောဘစိတ် (Greed / Desire)၊ ဒေါသစိတ် (Anger )၊ မောဟစိတ်(Ignorance/Delusion) စသောစိတ်အညစ်အကြေး မရှိခြင်း/ ဗလာဖြစ်ခြင်း၊ မာနခက်ထန်ယုတ်မာမှုမရှိခြင်း/ ဗလာဖြစ်ခြင်း... ဟုဖော်ပြခဲ့သည်။ မြင့်မြတ်ဖြူစင်သောမေတ္တာစိတ်ရှိခြင်း၊ စိတ်ယဉ်ကျေးမှု ရှိခြင်း၊ တိတ်ဆိတ်ငြိမ်သက်ခြင်း၊ စိတ်ကို အတိတ် (Past) နှင့် အနာဂတ် (Future) သို့ တွေဝေ ငေးမောမနေပဲ ပစ္စုပန် (Present) တည့်တည့်တွင် စိတ်ကိုကောင်းစွာ တည်ငြိမ်စွာ ထားရှိခြင်း...စသည်တို့သည် ကရာတေးပညာရှင်တို့၏ အရေးကြီး သော အကောင်းဆုံးအရည်အချင်း(Qualities and Ethics of Karate Master) များဖြစ်သည်...ဟုဖော်ပြခဲ့သည်။ သတ္တဝါအားလုံးအား အကြမ်းမဖက်ရေးနှင့် သုညတ ဝါဒ (Sunyata) [၃၉][၂၂]တရား လမ်းစဉ်ပေါ်တွင် အခြေခံထားသည်။ သုညတ Śūnyatā (or) emptiness သည် အလုံးစုံ ငြိမ်းချမ်းခြင်း၊ ပြုပြင်ပြောင်းလဲမှု မရှိသော အေးငြိမ်းချမ်းသာခြင်း၊ တဏှာမရှိခြင်း၊ တဏှာမှ ကင်းလွတ်ခြင်း၊ ဒုက္ခမှ အပြီးတိုင်လွတ်မြောက်ခြင်း၊ စွန့်လွတ်ခြင်း၊ လွတ်မြောက်ခြင်း၊ မကပ်ငြိခြင်း၊ ပူဆွေးမှု မရှိခြင်း၊ ငိုကြွေးမှုမရှိခြင်း၊သောက မရှိခြင်း၊ အညစ်အကြေး ကိလေသာ မရှိခြင်း စသည်တို့ဖြစ်သည်။

ကြည့်မှန် ၏ ရှေ့တွင် ကြည့်သူ၏ကိုယ်နေကိုယ်ထား အမူအရာသည် ပကတိအတိုင်း မိမိတို့ကိုယ်နေကိုယ်ထား အမူအရာကို မိမိတို့ ပြန်မြင်နိုင်သော ကြည့်မှန် (Mirror Reflection Effect) နှင့်တူသော ကံ၊ ကံ၏ အကျိုးနိယာမ(Causality) ဟု ခေါ်ဆိုနိုင်သောအမှန်တရားရှိခြင်း "..... ဟုရှင်းလင်းခဲ့သည်။ [၄၀]"ဂျပန်ကရာတေးဖခင်ကြီး ဟုခေါ်ကြသောဆရာကြီး ဖူနာကိုရှိ ဂီချင်း(၁၈၆၈-၁၉၅၇) သည်ကရာတေး ကိုယ်ခံပညာ သမိုင်းတွင်ပထမဆုံး ဩဇာအကြီးမားဆုံးသောဆရာကြီး ဖြစ်သည်။" [၄၁] ဒုတိယ ကမ္ဘာစစ် ပြီးသောအချိန်တွင်မူ ဂျပန်ကရာတေးသည် ကမ္ဘာအရပ်ရပ်သို့ ပြန့်နှံ့သွားခဲ့သည်။ ယခုအခါ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် တိုက်ခိုက်ရေးအတွက်၎င်း၊ ကိုယ်ခံပညာအဖြစ်၎င်း၊ အားကစားပညာအဖြစ်၎င်း လူတိုင်းနှင့် ရင်းနှီးသော ဩဇာအကြီးမားဆုံးသောကိုယ်ခံပညာတစ်ရပ်အဖြစ် နေရာယူထားသည်။ ဆရာကြီး ၏ ဩဝါဒများမှာ လူတို့၏ကိုယ်ကျင့်တရား ကောင်းမွန်ရေးဖြစ်၍ အသက်ရှင်နေစဉ်တွင် မည်သို့နေထိုင်ပြုမူမှ ကောင်းသောနေခြင်း ဖြစ်မည်ကို ဆောင်ပုဒ်ကလေးများဖြင့် သွန်သင်ခဲ့၏။

  • " Karate-Do must always strive to be inwardly humble and outwardly gentle. However, once he has decided to stand up for the cause of justice, then he must have the courage expressed in the saying, "Even if it must be ten million foes, I go!" Thus, he is like the green bamboo stalk: hollow (kara) inside, straight, and with knots, that is, unselfish, gentle, and moderate. "
  • " To win one hundred victories in one hundred battles is not the highest skill. To subdue the enemy with out fighting is the highest skill......."
  • " Students of any art, including Karate-do must never forget the cultivation of the mind and the body........" [၄၂]

J.K.A ကရာတေးဆရာကြီး မာဆာတိုရှိ နာကာရားမား[ပြင်ဆင်ရန်]

ဆရာကြီး ဖူနာကိုရှိ ဂီချင်း ၏ တပည့်ရင်းဖြစ် သော ဆရာကြီး မာဆာတိုရှိ နာကာရားမားသည် ၁၉၅၅ တွင် ဂျပန်ကရာတေး အသင်း 日本にっぽん 空手からて 協会きょうかい (Japan Karate Association )ကို စတင်တည်ထောင်သည်။[၄၃] ဂျပန်ကရာတေး အသင်း 日本にっぽん 空手からて 協会きょうかい (Japan Karate Association ) ၏ နည်းပြချုပ် ဆရာကြီး မာဆာတိုရှိ နာကာရားမား(၁၉၁၃-၁၉၈၇)[၄၄] သည် ဆရာကြီး ဖူနာကိုရှိ ဂီချင်း၏ တပည့်ရင်းတစ်ဦးဖြစ်ပြီး J.K.A ကရာတေး သမိုင်း နှင့် ရှိုတိုကန် သမိုင်း တွင်ဆရာကြီး ဖူနာကိုရှိ ဂီချင်း ပြီးလျှင် ဒုတိယမြောက်အထင်ရှားဆုံးသောဩဇာအကြီးမားဆုံးသောဆရာကြီး ဖြစ်သည်။ ဆရာကြီး ဖူနာကိုရှိ ဂီချင်း၏ ယုံကြည် ကိုးစားခြင်းခံရသူ ဖြစ်သည်။ ကရာတေး စာအုပ်ပေါင်းများစွာ ကိုလည်း ရေးသားခဲ့သည်။ လူသိများသော ကရာတေး အမျိုးအစားနှစ်မျိုးမှာ (၁) ပြိုင်ပွဲစည်းကမ်းကိုလိုက်၍ ရိုးရာ ကရာတေး ကစားနည်း ဖြစ်သည့် “စွန်းဒိုမဲ” Sun-dome (Meaning to stop, just before contact with the Target ) ခေါ်သော ထိန်းသိမ်းမှု ကစားနည်း နှင့် (၂ ) တိုက်ရိုက်တိုက်ခိုက်သည့် (Full contact Karate) ကစားနည်းဖြစ်သည်။ အကာအကွယ်ပစ္စည်းသုံးသော ကရာတေး ကစားနည်းမျိုးလည်း ရှိပါသေးသည်။ ကရာတေးတွင် (၁) Kihon 基本きほん, きほん (Basics) (၂ ) Kata かた:かた (Forms)[၄၅](၃) Kumite くみしゅ:くみて (Sparring) (၄) Kime め (The Power of Focusing (or)The essence of Karate technique is Kime) (၅) Ki (describes internal energy, spirit, strength, or power) တို့သည် ထင်ရှားလေသည်။[၃၇][၄၆]

" (၁) စိတ်ထားဖြူစင်ခြင်း (Purification of Mind)၊ (၂ ) ကိုယ် နှုတ် စိတ် ယဉ်ကျေးခြင်း (Courtesy or politeness)၊ (၃) ရိုးသားဖြောင့်မတ်ခြင်း (Honesty)၊ (၄) နည်းစနစ်ကျခြင်း (Systematisation)၊ (၅) ကိုယ်ကျင့်သီလကောင်းခြင်း (Morality)၊ (၆) မေတ္တာစိတ်ရှိခြင်း (Loving kindness)၊ (၇) ကရာတေးပညာထူးချွန်ခြင်း (Skill in Karate )၊ (၈) သည်းခံခြင်း (Patience or forbearing)၊ (၉) အကောင်းမြင်ဝါဒကျင့်သုံးခြင်း (Optimism)၊ (၁၀) မိမိကိုယ်မိမိ စိတ်တည်ငြိမ်စွာထိန်းချူပ်နိုင်ခြင်း (self control)၊ (၁၁) ကိုယ်ချင်းစာတရားရှိခြင်း (Sympathy)၊ (၁၂) သတ္တိကောင်းခြင်း (Courage) (၁၃) နှောက်ယှက်ထိပါးသူ ရန်သူကိုကျွမ်းကျင်စွာလျှပ်တစ်ပြက် တန်ပြန်တိုက်ခိုက်ခြင်း (powerful counter attack and most powerful fight back to enemies effectively)၊ (၁၄) ခွင့်လွှတ်ခြင်း (Forgiveness) နှင့် (၁၅) သီအိုရီ နှင့် လက်တွေ့ ပေါင်းစပ်လေ့ကျင့်ခြင်း( Theory and practice)၊ ... စသည် တို့သည် ကရာတေးပညာရှင်တို့အတွက် မရှိ မဖြစ်လိုအပ်သော(Essential abilities) အရည်အချင်းကောင်းများ (Qualities of a Good Karate Master) ဖြစ်သည်."...ဟု ကရာတေးနည်းပြချူပ် ဦးမြင့်ကြွယ် က မှတ်ချက် ပြုခဲ့သည်။ After being countered, almost all opponents will be knocked down. Counterattack allows you to turn your opponent's strength against them. This skill will greatly increase your abilities in close-range combat, as you'll be able to reflect almost any attack. The stronger your enemy's attack, the stronger your counterattack becomes. When you're equipped with knuckles, which are usually used by Fighters, you can attack with more agility. မိမိနှင့် မိမိပတ်ဝန်းကျင်လုံခြုံမှုအတွက်သာ ကရာတေး ကိုယ်ခံပညာကို အသုံးပြုရပေသည်။ မိမိအနေဖြင့် ရန်သူ ၏ မမျှော်လင့်နိုင်သော တိုက်ခိုက်မှုကို ရုတ်တရက် လျင်မြန်စွာ ရှောင်တိမ်းကာ ၎င်းတိုက်ခိုက်သူရန်သူ အား မိမိကို ဆက်လက်မတိုက်ခိုက်နိုင်စေရန် ချက်ချင်း ပြန်လည် ခုခံထိန်းချုပ်ကာကွယ်ခြင်း ပင်ဖြစ်သည်။ ကရာတေး ပညာတတ်မြောက်သူသည် ကာယဗလ အားဖြင့် မိမိထက်အားအင်ကြီးမား သန်စွမ်းသူ ရန်သူကို လက်နက်ကိရိယာမပါဘဲ ‌ခြေနှင့် လက်ကိုအသုံးပြုလျက်အလွယ်တကူ တိုက်ခိုက်အောင်မြင်နိုင်သည်။ ကရာတေးကျင့်စဉ်များကို ယနေ့ခေတ်တွင် ကိုယ်ခံပညာ(စစ်ပညာ) အားကစား တစ်ခုအသွင်အဖြစ် တစ်ကမ္ဘာလုံးမှ လက်ခံလေ့လာနေကြပြီ ဖြစ်သည်။ ကရာတေး တွင် အများအားဖြင့်-

  • (၁) Full Contact Sport Karate(physical impact force)
  • (၂) Non Contact Sport Karate
  • (၃) Hard and soft techniques
  • (၄) COMBAT- Traditional Karate နှင့်
  • (၅) Techniques of Knockdown Karate (most powerful Karate) ကရာတေးကျင့်စဉ် ကစားနည်းစနစ် (၅) မျိုး သတ်မှတ်လေ့ ရှိသည်။

[၃၇] [၄၀][၄၇][၂၈][၄၈][၄၉][၄၉]

ကရာတေးအက်သစ်[ပြင်ဆင်ရန်]

ကရာတေးအက်သစ် (Ethics of Karate) ကို ကိုယ်ကျင့်တရားနှင့် သက်ဆိုင်သော အတွေးအခေါ်ပညာဟုလည်း ခေါ်ဆိုကြပြီး လူသားဆန်မှုနှင့် ပတ်သက်သော မေးခွန်းများကို ငြင်းခုံဆွေးနွေးလေ့ ရှိကြသည်။ ကောင်းခြင်း နှင့် ဆိုးခြင်း၊ မှန်ကန်ခြင်း နှင့် မှားယွင်းခြင်း၊ စင်ကြယ်မှုနှင့် ဆိုးယုတ်မှု၊ တရားမျှတမှု နှင့် တရားဥပဒေ ချိုးဖောက်မှု စသည့် အကြောင်းအရာများပင် ဖြစ်သည်။

ယခုလက်ရှိတွင် ကရာတေးကို တိုက်ရိုက်တိုက်ခိုက်သောနည်းကို အဓိကထားပြီး၊ မူလစတင်ခဲ့သော “အိုကီနာဝါ” ကရာတေး ကို “တိုရိတဲ” ဟုခေါ်သည့် သွယ်ဝိုက်သော တိုက်ခိုက်နည်း၊ ပစ်ပေါက်နည်းတို့ ထည့်သွင်းထားသည်။ ရှေးယခင်က ကရာတေးအပြင် တုတ်ရှည်၊ ဓားရှည်၊ မြန်မာပြည်တွင် နံချပ်ကူ ဟု လူသိများသော တုတ်ချောင်းတိုနှစ်ချောင်းကို ကြိုးနှင့်ဆက်ထားသည့် လက်နက်များကိုလည်း အသုံးပြု လာကြသည်။ ယခုခေတ်တွင်မူ ရှေးရိုးရာတွင် နည်းပညာသစ်များကို ထပ်မံပေါင်းစပ်ကာ ပိုမိုတိုးတက်သော ကစားကွက်များကို တီထွင်လာလျက် ရှိနေပါသည်။ ကီ ki () energy (or) mood သွင်းခြင်းကိုလည်း အသုံးပြု ကြသည်။ အော်ဟစ်တိုက်ခိုက်ခြင်း Kiai (気合きあい) (karate shouts) ကိုလည်း အသုံးပြု ကြသည်။

ပညာအဆင့်အရောင်နှင့် ဘွဲ့တံဆိပ် သင်္ကေတ[ပြင်ဆင်ရန်]

လိမ္မော်ရောင်ခါးပတ်

ကရာတေးပညာ အဆင့်သတ်မှတ်ခြင်းစနစ်နှင့် အရောင်သတ်မှတ်ခြင်းစနစ်ကို ကိုးကားနိုင်ရန် မိတ်ဆက်တင်ပြလိုသည်။ ၁၉၂၄ ခုနှစ်တွင် ဂျပန်နိုင်ငံ ကရာတေးလောက၏ ကရာတေးဖခင်ကြီးဖြစ်သောဆရာကြီး ဖူနာကိုရှိ၊ ဂိချင်း 船越ふなこしよしちん မှ ပထမဦးဆုံး ထုတ်ပြန်သတ်မှတ်ခဲ့သည်ဟု ဆိုကြသည်။ ပထမတွင် ခါးပတ်ဖြူ ကို စတင်သတ်မှတ်ခဲ့ပြီး ခါးပတ်နက်ကို ပညာအဆင့်ရှိသူအဖြစ် ခွဲခြားခဲ့သည်။ ခါးပတ်နက်တွင် အဆင့်လိုက်သတ်မှတ်ခွဲထားပါသေးသည်။ ထိုအဆင့်ကို ခါးပတ်အနက်တွင်ပါသော လိုင်းများ(ဒန်ဟုခေါ်သည်- ၉ ဒန်သည်အမြင့်ဆုံးဖြစ်သည်) ကို ကြည့်ခြင်းဖြင့်သိရှိနိုင်သည်။

ခါးပတ်ဖြူနှင့်ခါးပတ်နက်အကြားတွင် ခါးပတ်ညိုကိုလည်း သတ်မှတ်ခဲ့သည်။ ထပ်မံ၍ ခါးပတ်ညိုအောက်တွင် ထိုအချိန်က ခလေးများအတွက် ရည်ရွယ်ပြီး အစိမ်း၊ အဝါ၊ အပြာစသော အရာင်များကိုလည်း သတ်မှတ်လာခဲ့ရာမှ ယခုအချိန်တွင်မူ ယေဘူယျပုံစံ ပညာအဆင့်များ ဖြစ်လာကြသည်။ ပညာအဆင့်သတ်မှတ်ခြင်းစနစ် နှင့် အရောင်သတ်မှတ်ခြင်းစနစ်တို့သည် အသင်းအဖွဲ့ ဂိုဏ်းဃဏ ပေါ်မူတည်၍ ကွဲပြားမှုရှိနိုင်သော်လည်း ရိုးရာ၊ ကရာတေးပညာအတွက် ဂျပန်တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထုတ်ပြန်သတ်မှတ်မှုရှိသည်။

ဘွဲ့တံဆိပ် သတ်မှတ်မှုတွင်လည်း မိမိ၏ အသင်းအဖွဲ့ကို လိုက်၍ ရှိဟန်း Shihan 師範しはん (အဆင့်၈ အထက် ဆရာကြီး )၊ ဟန်းရှိ Hanshi はん (အဆင့်၈ အထက်)၊ ကျောရှိ Kyoshi きょう ( ဟန်းရှိ အောက်၊ ရလ်းမ်ရှိ အထက် )၊ ရလ်းမ်ရှိ Renshi ( အဆင့်၆ အထက်) ဟုသတ်မှတ်ထားသည်။ ဘွဲ့တံဆိပ်ကို အသုံးမပြုသော အသင်းအဖွဲ့များလည်းရှိသည်။ ဆရာ ကို Sensei 先生せんせい ဟုရေးသားနိုင်သည်။

မြန်မာနိုင်ငံ ရှိ ကရာတေး ကလပ်များတွင် အများအားဖြင့် အဖြူ၊ အဝါ၊ အစိမ်း၊ အညို၊ အနက် ဟု ခါးပတ် အရောင်ကို အနိမ့်မှ အမြင့်သို့ (၅) ဆင့် သတ်မှတ်လေ့ ရှိကြသည်။ သို့သော်လည်း အချို့သော ကရာတေး ကလပ်များတွင် အဖြူ၊ အဝါ၊ လိမ္မော်၊ အစိမ်း၊ အပြာ၊ အညို၊ အနက် ဟူ၍ ခုနှစ်ဆင့် သတ်မှတ်လေ့ ရှိကြသည်။

ကရာတေးဝတ်စုံ[ပြင်ဆင်ရန်]

ရိုးရာ၊ ကရာတေးအဖြူရောင်ဝတ်စုံသည် အပေါ်ဝတ်အင်္ကျီလက်မှာ လက်ကောက်ဝတ်အထိ ရှည်သည်။ နွေရာသီတွင် အပူချိန် မည်မျှပင်ဖြစ်စေကာမူ အင်္ကျီလက်ကိုမတင်ခြင်းအား ခွင့်မပြု။ သို့သော် လေ့ကျင့်သည့်အချိန်တွင် ဆရာ၏ခွင့်ပြုမှုပေါ် မူတည်သည်။ အင်္ကျီအောက်ဘက်နားတွင် တွဲချုပ်ထားသော ကြိုးပါသဖြင့်၊ ကော်လာနှစ်ဘက်ကို ညီအောင်စေ့ပြီး နောက်တွင် အောက်နားရှိကြိုးကို ချည်လိုက်ပါက အောက်အနားများ ကိုညီညာသွားစေသည်။

ဘောင်းဘီ၏အရှည်မှာ ခြေမျက်စိအထိဖြစ်သည်။ အသင်းအဖွဲ့များ ကိုယ်စားပြုသော အမှတ်တံဆိပ်များကိုလည်း ကပ်ချုပ်ထားခြင်းမျိုးလည်း ရှိသည်။ ကရာတေး လေ့ကျင့်ကွင်းကိုမသွားပဲ ကရာတေးဝတ်စုံများကို ဝယ်ယူဆင်မြန်းနိုင်သည်။ ကရာတေးဝတ်စုံ သည် တစ်ထောင်ဆစ် မဖုံးတဖုံး လက်အရှည်ရှိသောအင်္ကျီ လက်တစ်ဆက်တည်း ပုံစံမျိုးဖြစ်သည်။ ဘောင်းဘီသည် ကြမ်းပြင်ကို ထိလောက်သည်အထိ ရှည်ရှည်ဖားဖား ပုံစံဖြစ်သည်။ ဝတ်စုံတွင် အသင်းအမှတ်တံဆိပ် လိုဂိုများ ပုံနှိပ်ထားပြီး လေ့ကျင့်ကွင်းကိုသွားရောက်မှသာ ဆင်မြန်းနိုင်သည်။

ကရာတေးပညာ ဂျပန်နိုင်ငံမှ အခြားနိုင်ငံများသို့ပျံ့နှံ့မှု[ပြင်ဆင်ရန်]

ကိုရီးယားနိုင်ငံသို့ ကာရာတေး ပညာပျံ့နှံ့ ခဲ့ပုံ။ ။ ကိုရီးယားနိုင်ငံတွင် ရှေးအခါက ကွန်စုဒိုး ဟုလည်းကောင်း၊ တမ်စုဒိုး ဟုလည်းကောင်းခေါ်ခဲ့ကြသော ကရာတေးသည် ကိုရီးယားမူ၊ ကိုရီးယားဟန် ပြောင်းလည်း တီထွင်ခဲ့ရာမှ ခြေဖြင့်ကန်သော ပညာကို အလေးပေးကာ တယ်ကွန်ဒိုး (မြန်မာဘာသာဖြင့် တိုက်ကွမ်ဒိုဟုခေါ်သော) ဟုခေါ်သော ကိုယ်ခံပညာ အသစ်အဖြစ် ပေါ်ပေါက်လာခဲ့တော့သည်။ ၁၄ အောင်စ အလေးချိန်ရှိသော လက်အိပ်နှင့် မျက်နှာဖုံးကို ဝတ်ဆင်အသုံးပြုသော ကရာတေးအသစ် K-1 သည်လည်း ယခုတစ်လော ရေပန်းစားလာသည့် ပြိုင်ပွဲကစားနည်း တစ်ခုလည်းဖြစ်သည်။ ၁၉၄၀ ခုနှစ်လယ်ပိုင်း နောက်ကျကျ အချိန်များတွင် စတင်ပျံ့နှံ့လာသော တိုက်ကွမ်ဒို ကို တီထွင်သူ ကိုရီးယားပညာရှင်များသည် ဂျပန်နိုင်ငံတွင် ကရာတေးပညာကို သင်ယူလေ့ကျင့်ခဲ့သူများဖြစ်သည်။ ထို့ကြောင့် တိုက်ကွမ်ဒို ၏ မူလရင်းမြစ်ကို ရှာဖွေကြည့်မည်ဆိုလျှင် ကရာတေး ပညာသာဖြစ်နေကြောင်းတွေ့ရှိရမည် ဖြစ်သည်။

အမေရိကသို့ ကရာတေးပညာ ပျံ့နှံ့ခဲ့ပုံ။ ။ အိုကီနာဝါနှင့် ဂျပန်နိုင်ငံပင်မကျွန်းတွင် ကာရာတေး ပညာသင်သွားကြသော အမေရိကန်စစ်သားများ က မိမိတို့နိုင်ငံသို့ပြန်ပြီးနောက်၊ လေ့ကျင့်ကွင်းဖွင့်က သင်ပေးခြင်းဖြင့် အမေရိကန်နိုင်ငံတွင် ကရာတေးပညာ ပျံ့နှံ့ခဲ့သည်ဟုဆိုကြသည်။ ပထမဦးဆုံး ကရာတေးဆရာမှာ အများက “ အမေရိကန် ကရာတေးဖခင်ကြီး ” ဟုခေါ်ကြသော ရောဘတ် ထရီအတ်စ် (၁၉၂၃-၁၉၈၉)ဖြစ်သည်။ ထရီအတ်စ် သည် ဒုတိယကမ္ဘာစစ်ကြီးအတွင်း ဆော်လမွန်ကျွန်းတွင် အိုကီနာဝါကျွန်းသား ကာရာတေးပညာရှင် မိုတိုဘု ချိုးကိ ၏ တပည့်ဖြစ်သော တရုပ်လူမျိုးတစ်ယောက်ထံမှ သင်ယူခဲ့သည်။ ၁၉၄၂ခုနှစ်တွင် အာရီဇိုးနားပြည်နယ် ဖီးနစ်စ် ကရာတေးလေ့ကျင့်ကွင်း ကိုဖွင့်လှစ်ခဲ့သည်။ သို့သော်လည်း မည်သူက ကရာတေးကို အမေရိကသို့ ပထမဦးဆုံး မိတ်ဆက်ခဲ့သည်ကိုမူ အခြားအဆိုများလည်းရှိ၍ ယနေ့တိုင် အငြင်းပွားနေကြဆဲဖြစ်သည်။

ဥရောပသို့ ကရာတေးပညာ ပျံ့နှံ့ခဲ့ပုံ။ ။ ၁၉၆၀နှစ်နောက်ပိုင်းကာလတွင် ဂျပန်နိုင်ငံမှ ကရာတေးပညာရှင်များ စေလွှတ်ခြင်းဖြင့် ဥရောပတွင် ကရာတေးပညာ ပျံ့နှံ့ခဲ့ရသည်။ ဂျပန်နိုင်ငံ Iwate Prefecture မှ ဆရာကြီး "ကာနာဇာဝါ ဟီရိုးခါ့ဇု SHIHAN Hirokazu Kanazawa" One of the most famous karate masters[၅၀] ကို ဂျာမဏီနှင့် အင်္ဂလန်နိုင်ငံတို့၏ ကရာတေးနည်းပြအဖြစ်၎င်း၊ ဟီဂါ့ရှိအွန်းနာ့ မိုရိအို ကို ပေါ်တူဂီနိုင်ငံ၏ ကရာတေးနည်းပြအဖြစ်၎င်း အသိအမှတ်ပြုကြသည်။ ယခင်ဆိုဗီယက်နိုင်ငံ တွင် ၁၉၆၀နှစ်နောက်ပိုင်း မော်စကို တက္ကသိုလ်တွင် ကရာတေးကိုအသင်းရှိခဲ့သည်။ သို့သော်လည်း ၁၉၇၃ခုနှစ်တွင် ဆိုဗီယက်အစိုးရက ကရာတေးပညာအပါအဝင် အခြားကိုယ်ခံပညာများကိုပါ ရုတ်တရက် တားမြစ်ပိတ်ပင် ခဲ့သည်။ ရုရှား ကိုယ်ခံပညာဟု လူသိများသော “စမ်ဘို” sambo ကို စတင်ကစားလာခဲ့ကြသည်။ သို့သော်လည်း ဆိုဗီယက်ပြည်ထောင်စုကြီးပြိုကွဲပြီးနောက် ရုရှားနိုင်ငံတွင် ကရာတေးကို ပြန်လည်ကစားလာခဲ့ကြသည်။

မြန်မာနိုင်ငံသို့ ကရာတေးပညာ ပျံ့နှံ့ခဲ့ပုံ။ ။ ၁၉၆၅ ခုနစ် နောက်ပိုင်းကာလတွင် ဂျပန် ကရာတေး ပညာရပ်သည် မြန်မာနိုင်ငံသို့လည်း ပျံ့နှံ့ရောက်ရှိခဲ့သည်။ ဒဂုံ ကရာတေးအသင်း၊ အဆာဟိ ကရာတေးအသင်း၊ ဟိုက်ကာရီ ကရာတေးအသင်း၊ ယူနိုက်တက် ကရာတေးအသင်း၊ အိုကီနာဝါ ကရာတေး အသင်း၊ တိုက်ဂါး ကရာတေးအသင်း၊ အိုယားမား ကရာတေးအသင်း၊ ဘားမား ကရာတေးအသင်း၊ ဂိုဂျိုးကု ကရာတေး အသင်း၊ ဂိုစိုးကု ကရာတေး အသင်း၊ အက်ဆက် ကရာတေးအသင်း၊ဟီယမ်ဒို ကရာတေးအသင်း၊ တန်ဆိုင်း ကရာတေးအသင်း၊ ဖူနာကိုရှိ ဂီချင်း ကရာတေးအသင်း၊ ဆိုရှိကိ ကရာတေး အသင်း စသော ကရာတေး အသင်းဖွဲ့များ ပေါ်ပေါက်ခဲ့သည်။ မြန်မာနိုင်ငံတွင် ရှိုတိုကန် ကရာတေးစတိုင်နှင့် ကျိုရှင်ကိုင်း ကရာတေး စတိုင် တို့ကို အဓိကထားပြီး ကစားကြသည်။ တက္ကသိုလ် ကောလိပ်များ၊ အထက်တန်းကျောင်းများ၊ တပ်မတော်နှင့်ရဲတပ်ဖွဲ့ တို့တွင် ကရာတေး သင်တန်းများ ပေါ် ထွန်းခဲ့သည်။ ဆရာကြီး ဦးကျော်ညွန့်[၅၁]၊ ဆရာကြီး ဦးရစ်ချတ်[၅၂]၊ ဆရာကြီး ဦးစိုးတင့်[၅၃]၊ ဆရာကြီး ဦးသောင်းဒင်၊ ဗိုလ်ကြီး မိုးဟိန်း (ဗထူး)၊ ဆရာ ဦးမောင်မောင်သန်း၊ ဆရာ ဦးမြင့်ကြည်၊ ဆရာ ဦးစံနီ၊ ဆရာ ဦးဝင်းနိုင် (Hikari karate)[၅၃]၊ ဆရာ ဦးတင်ဝင်းအောင် (ခေါ်) ဆရာ ဦးဖိုးသာအောင်၊ ဆရာ ဦးစိုးဝင်း (မြန်မာနိုင်ငံ ကရာတေးဒို အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး)၊ ဆရာ ဦးအောင်တင်စိန်၊ ဆရာ ဦးဂေးလ်မို စိုးမင်း၊ ဆရာ ဦးမောင်မောင်ဦး၊ ဆရာ ဦးနေဝင်း၊ ဆရာ ဦးမင်းလွင်[၅၄] [၅၅]၊ ဆရာ ဦးစိုးဝင်း (Hikari karate)၊ ဆရာ ဦးမြင့်ကြွယ်( မြို့မ-မြင့်ကြွယ်) [၃၃]၊ ဆရာ ဦးမောင်မောင်မြင့် [၅၃]၊ ဆရာ ဦးထွန်းရွှေမောင်[၅၆]၊ ဆရာ ဦးအုန်းဝင်း နှင့် ဆရာ ဦးမြင့်အောင် စသော ဆရာများသည် ထင်ရှားခဲ့သည်။ ဆရာကြီး ဦးမြင့်ကြွယ် ရေးသားပြုစုခဲ့သော ကရာတေး Thesis: Kihon (基本きほん, きほん), Kata (かた or がた), Kumite (くみしゅ) " The 3 Ks process of Karate" အား ၁၉၈၁ ခုနစ်တွင် ဂျပန်ကရာတေး အသင်း 日本にっぽん 空手からて 協会きょうかい (J.K.A) ၏ နည်းပြချုပ် 首席しゅせき師範しはん , 最高さいこう師範しはん , 主席しゅせき師範しはん ဆရာကြီး မာဆာတိုရှိ နာကာရားမား Masatoshi Nakayama (中山なかやま 正敏まさとし)[၄၄]ကအသိမှတ်ပြု လက်ခံခဲ့သည်။ ကရာတေးနည်းပြဆရာ/နည်းပြချုပ်အဖြစ်အသိမှတ်ပြုခဲ့သည်။ ကျိုရှင်ကိုင်း (Kyokushin) စတိုင်(Style) သည် ရှိုတိုကန် စတိုင်(Style) ပြီးလျှင် ဒုတိယမြောက်အထင်ရှားဆုံးသော ကရာတေး စတိုင်(Style) ဖြစ်သည်။

ဂျူဒိုကို မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် Judo Federation ဖွဲ့စည်းပြီး ဆောင်ရွက်သကဲ့သို့ ကရာတေးကိုလည်း မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ် Karate Federation အဖြစ် စနစ်တကျ ဖွဲ့စည်းဆောင်ရွက်သင့်ကြောင်း ဆရာကြီး ဦးမြင့်ကြွယ် က နိုင်ငံတော်အစိုးရ သို့ စာဖြင့်လည်းကောင်း၊ ၁၉၈၁ ခုနှစ် ဇွန်လ (၈) ရက်နေ့ တွင် ကြေးမုံ သတင်းစာ မှလည်းကောင်း စတင်အကြံပြုရေးသားခဲ့သည်။ ၁၉၈၉ ခုနှစ် ဇွန်လ(၁၂) ရက်တွင် မြန်မာနိုင်ငံကရာတေးဒိုအဖွဲ့ချုပ် ကို နိုင်ငံတော်က တရားဝင်ဖွဲ့စည်းပေးခဲ့သည်။

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named Higaonna1
  2. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named okinawa history
  3. Soshiki Karate 組織そしき 空手からて (松濤しょうとうかん) ကရာေတး: ဂျူဒို-ကရာတေး သိုင်းပညာရှင်များ humble & meek ဖြစ်ဖို့လိုပါတယ်။ မြို့မ မြင့်ကြွယ်
  4. Karate Jutsu: The Original Teachings of Gichin Funakoshi by Gichin Funakoshi, Hardcover | Barnes & Noble®[လင့်ခ်သေ]
  5. To-te Jitsu: Gichin Funakoshi: 9780920129227: Amazon.com: Books
  6. Amazon.com: Customer reviews: Karate Jutsu: The Original Teachings of Gichin Funakoshi
  7. World Karate Federation
  8. ホーム - JKA 公益社こうえきしゃだん法人ほうじん日本にっぽん空手からて協会きょうかい
  9. JKA/ITKF - Further Study of Shotokan Karate Archived 30 June 2016 at the Wayback Machine.
  10. International Traditional Karate Federation
  11. Soshiki Karate 組織そしき 空手からて (松濤しょうとうかん) ကရာတေး: ကမ္ဘာ့ တပ်မတော် ကရာတေး Combative Training သင်တန်းများ နှင့် Powerful Combat Karate by Karate Myint Kywe မြို့မ မြင့်ကြွယ် ( Myoma Myint Kywe ...
  12. Soshiki Karate 組織そしき 空手からて (松濤しょうとうかん) ကရာတေး: KATA criteria at karate tournaments By- Karate Myint Kywe
  13. Soshiki Karate 組織そしき 空手からて (松濤しょうとうかん) ကရာတေး: Myoma Myint Kywe quotes on Karate 首席しゅせき先生せんせい, 空手からてでの引用いんよう
  14. http://www.sammyfranco.com/karate.html[လင့်ခ်သေ]
  15. http://web-japan.org/factsheet/en/pdf/e16_martial_art.pdf
  16. Centripetal Acceleration | What is Centripetal Acceleration? | Physics@TutorCircle.com။ 20 April 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 31 July 2013 တွင် ပြန်စစ်ပြီး။
  17. Force=Mass x Acceleration or Surfing the Force Velocity Curve: A Fitness article from Dragon Door Publications | Dragon Door
  18. 24fightingchickens.com[လင့်ခ်သေ]
  19. Another Way: the way of non-tension, relaxation in Karate-do။ 5 September 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 July 2013 တွင် ပြန်စစ်ပြီး။
  20. http://www.iuma.be/karate%20motion%20efficiency%20analysis.html[လင့်ခ်သေ]
  21. The science of punching harder: why is speed more important than mass? (And why having the force won't help you)။ 26 February 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 July 2013 တွင် ပြန်စစ်ပြီး။
  22. ၂၂.၀ ၂၂.၁ Sunyata (Emptiness) in the Mahayana Context
  23. အဓိပတိ စာၾကည့္တိုက္: သုညတ တရား Archived 5 March 2016 at the Wayback Machine.
  24. Archaeology Excavations: True History of Bodhidharma Life
  25. How To Meditate: Zazen Instructions | Zen Mountain Monastery
  26. Daruma (Bodhidharma) - Patriarch of Zen Buddhism in China and Japan
  27. History - Caledon Karate - Caledon JKA, Albion & Bolton Community Centre, Caledon။ 4 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 July 2013 တွင် ပြန်စစ်ပြီး။
  28. ၂၈.၀ ၂၈.၁ မော်ကွန်းတင်ပြီးမိတ္တူ။ 16 July 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 July 2013 တွင် ပြန်စစ်ပြီး။
  29. သည်းခံခြင်း အကျိုး (၅) ပါး ~ သရုပ်ပြ မာတိကာကျမ်း
  30. How To do Meditation for beginners - meditate correctly - YouTube
  31. Soshiki Karate 組織そしき 空手からて (松濤しょうとうかん) ကရာတေး: Student-centered method and instructor-centered method by Myint Kywe 先生せんせい
  32. Real traditional Karate 空手からて and Myint Kywe 先生せんせい - YouTube
  33. ၃၃.၀ ၃၃.၁ Soshiki Karate 組織そしき 空手からて (松濤しょうとうかん) ကရာတေး: Biography Myint Kywe 先生せんせい ( Myoma Myint Kywe ) / อาจารย์ Myint kywe / Myint Kywe 師範しはん / မြို့ မ မြင့်ကြွယ် / သမိုင်းပညာရှင် ဦးမြင့်ကြွယ် / ( ကရာ...
  34. ၃၄.၀ ၃၄.၁ Okinawa te Karate | Shizoku Martial Arts - Christchurch
  35. Funakoshi's Shotokan
  36. မော်ကွန်းတင်ပြီးမိတ္တူ။ 6 January 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 July 2013 တွင် ပြန်စစ်ပြီး။
  37. ၃၇.၀ ၃၇.၁ ၃၇.၂ http://www.knowledgerush.com/kr/jsp/db/board.jsp?id=76999[လင့်ခ်သေ]
  38. Taishō period | Japanese history | Britannica.com[လင့်ခ်သေ]
  39. Zen Mirror: Śūnyatā
  40. ၄၀.၀ ၄၀.၁ မော်ကွန်းတင်ပြီးမိတ္တူ။ 21 August 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 July 2013 တွင် ပြန်စစ်ပြီး။
  41. Gichin Funakoshi, the founder of modern karate-do။ 13 October 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 July 2013 တွင် ပြန်စစ်ပြီး။
  42. http://www.shotokanryukaseha.com/other_languages/articles/quotes_of_funakoshi.htm[လင့်ခ်သေ]
  43. ホーム - JKA 公益社こうえきしゃだん法人ほうじん日本にっぽん空手からて協会きょうかい။ 25 November 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 July 2013 တွင် ပြန်စစ်ပြီး။
  44. ၄၄.၀ ၄၄.၁ ホーム - JKA 公益社こうえきしゃだん法人ほうじん日本にっぽん空手からて協会きょうかい။ 7 April 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 July 2013 တွင် ပြန်စစ်ပြီး။
  45. မော်ကွန်းတင်ပြီးမိတ္တူ။ 28 January 2006 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 July 2013 တွင် ပြန်စစ်ပြီး။
  46. https://www.facebook.com/GKRKarate/posts/491401007600169
  47. Gichin Funakoshi။ 22 December 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 July 2013 တွင် ပြန်စစ်ပြီး။
  48. Aiki-Kuzushi။ 19 February 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 July 2013 တွင် ပြန်စစ်ပြီး။
  49. ၄၉.၀ ၄၉.၁ Description of Karate-do (Budo)။ 26 October 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 July 2013 တွင် ပြန်စစ်ပြီး။
  50. မော်ကွန်းတင်ပြီးမိတ္တူ။ 5 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 May 2015 တွင် ပြန်စစ်ပြီး။
  51. Asahi Karate Do Jo: ဆရာကြီး ဦးကျော်ညွန့်၏ အမှာစာ
  52. 44th Anniversary of Asahi Traditional Karatedo Organization - Calm Hill
  53. ၅၃.၀ ၅၃.၁ ၅၃.၂ Kyokushin Myanmar။ 19 November 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 May 2015 တွင် ပြန်စစ်ပြီး။
  54. https://es-la.facebook.com/notes/min-lwin/what-are-the-responsibilities-of-national-karate-do-federations-/942721259140810/
  55. မော်ကွန်းတင်ပြီးမိတ္တူ။ 14 February 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 May 2015 တွင် ပြန်စစ်ပြီး။
  56. nitsannthit.com -&nbspThis website is for sale! -&nbspnitsannthit Resources and Information။ 5 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 May 2015 တွင် ပြန်စစ်ပြီး။