(Translated by https://www.hiragana.jp/)
ဖျော်ရည် - ဝီကီပီးဒီးယား မာတိကာသို့ ခုန်သွားရန်

ဖျော်ရည်

ဝီကီပီးဒီးယား မှ

ဖျော်ရည် ဆိုသည်မှာ အသီးနှင့် ဟင်းသီးဟင်းရွက်တို့တွင် သဘာဝအလျောက်ပါဝင်သည့် အရည်ကို ထုတ်ယူကာ သောက်သုံးရန် ပြုလုပ်ထားသော သောက်စရာတစ်မျိုး ဖြစ်သည်။ သို့သော်လည်း အရည်ပျစ်များကိုသာမက အသားနှင့် ပင်လယ်စာများမှ ထုတ်သည့် အရည်များကိုလည်း ဖျော်ရည်အဖြစ်ပင် သတ်မှတ်ကြသည်။ သောက်စရာအဖြစ် အဓိကထားကြသော်လည်း အစားအစာများတွင် အရသာ ဖြည့်ရန်လည်းကောင်း၊ စပ်ဖျော်ရည် (smoothie) များတွင် ထည့်၍လည်းကောင်း၊ ယမကာနှင့် တွဲ၍လည်းကောင်း သောက်ကြသည်။

ဖျော်ရည် အဓိကသောက်သည်မှာ နယူးဇီလန်နှင့် ကိုလံဘီယာတို့ ဖြစ်ကြသည်။ နိုင်ငံအလိုက် ဖျော်ရည်သောက်နှုန်းမှာ ဝင်ငွေတက်သည်နှင့် မြင့်တက်နိုင်သည်ကို တွေ့ရသည်။ ၂၀၁၅ ခုတွင် အမေရိကန် ပြည်သူတို့ တစ်ဦးလျှင် ဖျော်ရည် (၆.၆) ဂါလံ သောက်ပြီး မူလတန်းမတက်မီ ကလေးတို့၏ ထက်ဝက်မျှ ပုံမှန်သောက်ကြောင်း သိရသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. Cheng, Erika R.; Fiechtner, Lauren G.; Carroll, Aaron E. (2018-07-07). "Seriously, Juice Is Not Healthy". The New York Times.