(Translated by https://www.hiragana.jp/)
အယ်လက်ပိုမြို့ - ဝီကီပီးဒီးယား မာတိကာသို့ ခုန်သွားရန်

အယ်လက်ပိုမြို့

ဝီကီပီးဒီးယား မှ
အယ်လက်ပိုမြို့

Aleppo

ﺣﻠﺐ (အာရပ်)
မြို့တော်
အယ်လက်ပို ရှေးဟောင်းမြို့ အယ်လက်ပိုရဲတိုက် • အဲမာဒီနာဆော့သို့ ဝင်ပေါက် အဲလက်ပိုရှိ မဟာဗလီ • ဘာရွန်ဟိုတယ် စိန့် အဲလီယက် ကက်သီဒရယ် ဘုရားကျောင်း  • ကွစ်မြစ် အယ်လက်ပို၏ ညမြင်ကွင်းကျယ်
အယ်လက်ပို ရှေးဟောင်းမြို့
အယ်လက်ပိုရဲတိုက် • အဲမာဒီနာဆော့သို့ ဝင်ပေါက်
အဲလက်ပိုရှိ မဟာဗလီ • ဘာရွန်ဟိုတယ်
စိန့် အဲလီယက် ကက်သီဒရယ် ဘုရားကျောင်း  • ကွစ်မြစ်
အယ်လက်ပို၏ ညမြင်ကွင်းကျယ်
၏ မြင်ကွင်းပုံ
နိုင်ငံဆီးရီးယားနိုင်ငံ
ပြည်နယ်အယ်လက်ပို
အယ်လက်ပိုရှေးဟောင်းမြို့*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ
တည်ရှိသည့် နိုင်ငံ  ဆီးရီးယား
အမျိုးအစား ယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်း iii, iv
ကိုးကား ၂၁
ဒေသ** အာရပ်နိုင်ငံများ
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၈၆  (ဒဿမအကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ

အယ်လက်ပိုမြို့သည် ဆီးရီးယားနိုင်ငံတွင် လူနေ အထူထပ်ဆုံးဖြစ်သည့် အယ်လက်ပိုပြည်နယ်၏ မြို့တော် ဖြစ်သည်။ ၂၀၀၄ ခုနှစ် လူဦးရေစာရင်းအရ လူဦးရေ ၂,၁၃၂,၁၀၀ ဦး ရှိပြီး ဆီးရီးယား ပြည်တွင်းစစ် မတိုင်မီက အယ်လက်ပိုမြို့သည် ဆီးရီးယားနိုင်ငံ၏ အကြီးဆုံး မြို့ ဖြစ်ခဲ့သော်လည်း ယခုအခါ ဒမားစကပ်မြို့ ပြီးလျှင် ဒုတိယမြောက် အကြီးဆုံးမြို့သာ ဖြစ်တော့သည်။

အယ်လက်ပိုမြို့သည် ရှေးဟောင်းမြို့တစ်မြို့ ဖြစ်ပြီး ကမ္ဘာပေါ်တွင် ရှေးအခါမှစ၍ ယခုအထိ တဆက်တစပ်တည်း လူနေထိုင်ခဲ့သော မြို့များတွင် တစ်မြို့ အပါအဝင် ဖြစ်သည်။ အယ်လက်ပိုမြို့တွင် ဘီစီ ၆ ထောင်စု နှစ်မှ စ၍ လူနေထိုင်ခဲ့သည်ဟု ယူဆရသည်။ [] အယ်လက်ပိုမြို့ဟောင်း၏ တောင်ဘက် တဲလ်အက်စ်ဆောဒါး နှင့် တဲလ်အန်စာရီတို့တွင် တူးဖော်ရရှိခဲ့သော အထောက်အထားများ အရ ဘီစီ ၃ ထောင်စု နှစ်၏ နှောင်းပိုင်း ကာလကပင် အမိုရိုက်လူမျိုးတို့ နေထိုင်ခဲ့သည်ဟု ဆိုနိုင်သည်။ []အက်ဘလာ နှင့် မက်ဆိုပိုတေးမီးယား တို့တွင် တူးဖော်ရရှိခဲ့သော ကျူနီဖောင်း ရွှံ့စာချပ်များ၏ အဆိုအရ အယ်လက်ပိုအား အမိုရိုက် တို့၏ ရမ်ဟဒ် ပြည်နယ်၏ အစိတ်အပိုင်းအဖြစ် ဖော်ပြထားပြီး ကူးသန်းရောင်းဝယ်ရေး နှင့် စစ်ရေး ကျွမ်းကျင်သည်ဟု ဖော်ပြထားသည်။[] ထိုသို့ ရှည်လျားသော သမိုင်းကြောင်း ရှိရခြင်း၏ အကြောင်းတစ်ခုမှာ မြေထဲပင်လယ် နှင့် မက်ဆိုပိုတေးမီးယား (ယနေ့ခေတ် အီရတ်နိုင်ငံ) တို့၏ အလယ်တွင် ရှိသော မဟာဗျူဟာ ကျသည့် နေရာတွင် တည်ရှိသောကြောင့် ဖြစ်သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. Columbia Encyclopedia, Sixth Edition (2010)
  2. The Oxford Encyclopedia of Archaeology in the Near East (1997)
  3. Britannica Concise Encyclopedia (2010)