(Translated by https://www.hiragana.jp/)
သတင်းများ | Ministry Of Information
The Wayback Machine - https://web.archive.org/web/20141220101308/http://www.moi.gov.mm:80/?q=news


သတင်းများ

Post date: 12/20/2014 - 07:20

၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် နေပြည်တော်၌ ကျင်းပမည့် လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံအခမ်းအနား အောင်မြင်ခမ်းနားစွာကျင်းပ နိုင်ရေးအတွက် ဖိတ်ကြားရေး၊ ကြိုဆိုနေရာ ချထားရေးနှင့် ဖျော်ဖြေရေး ဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁ဝ နာရီတွင် ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ် အစည်းအဝေးခန်းမ၌ ကျင်းပရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအေးမြင့်ကြူက အမှာစကား ပြောကြားရာတွင် မိမိတို့ အစိုးရသစ်လက်ထက်တွင် ဗိုလ်ရှုခံ အခမ်းအနားကို ပထမဦးဆုံး ကျင်းပခြင်းဖြစ်၍

Post date: 12/19/2014 - 21:20

တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၆) သင်တန်းဆင်းဂုဏ်ပြု ညစာစားပွဲ အခမ်း အနားကို ယနေ့ ညန (၆) နာရီတွင် ရန်ကုန်မြို့ တပ်မတော်ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမဆောင်ကြီး၏ စုဝေးခန်းမ၌ကျင်းပရာ တပ်မတော်ကာကွယ်ရေး ဦးစီချုပ်ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင် တက်ရောက်ချီးမြှင့် သည်။

Post date: 12/19/2014 - 20:35

တပ်မတော်ဆေးတက္ကသိုလ် တပ်မတော် (ကြည်း၊ ရေ၊ လေ) အတွက် လိုအပ်သော လက်ရုံးရည်၊ နှလုံးရည် ပြည့်ဝသည့် ဆေးသိပ္ပံပညာရှင်အရာရှိများ မွေးထုတ်ပေးရန်ဆိုသည့် ရည်ရွယ်ချက် ဖြင့် တည်ထောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များဖြစ်ကြသည့် ရဲဘော်တို့သည် နိုင်ငံတော် ကာကွယ်ရေး တာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားများနှင့် မိသားစုဝင် များကို ကျန်းမာကြံ့ခိုင်မှုရှိအောင် ကာကွယ်ပြုစုကုသ ပေးရမည်ဖြစ်သကဲ့သို့ လမ်းပန်း ဆက်သွယ်မှု ခက်ခဲပြီး ဆေးအကာအကွယ်ပေးရန် လိုအပ်နေသည့် ဒေသများမှ တိုင်းရင်းသား ပြည်သူများကိုလည်း ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးကြရမည် ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ဆရာဝန် များ၏ ကျင့်ဝတ်များနှင့်အညီ စေတနာ၊ အကြင်နာ၊ ဂရုဏာ၊ ကိုယ်ချင်းစာမှုများ ထားရှိဆောင်ရွက်ပေး သွားကြရမည်ဖြစ်ကြောင်း၊ Medical Ethics ဟု ခေါ်သည့်

Post date: 12/19/2014 - 19:54

ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ၏ ဖိတ်ကြားချက်အရ (၅) ကြိမ်မြောက် ဂျီအမ် အက်စ် မျက်နှာစုံညီ အစည်းအဝေးနှင့် ဂျီအမ်အက်စ်ထိပ်သီး အစည်းအဝေးများသို့ တက်ရောက် ရန်အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဇနီး ဒေါ်ခင်ခင်ဝင်းတို့သည် အဖွဲ့ဝင်များနှင့်အတူ ယနေ့ မွန်းတည့် ၁၂ နာရီတွင် မြန်မာအပြည်ပြည် ဆိုင်ရာ လေကြောင်းအထူးလေယာဉ်ဖြင့် နေပြည်တော်လေဆိပ်မှ ထွက်ခွာရာ ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီတွင် ရောက်ရှိကြသည်။

Post date: 12/19/2014 - 19:31

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဇနီး ဒေါ်ခင်ခင်ဝင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ကျင်းပမည့် (၅) ကြိမ်မြောက် ဂျီအမ်အက်စ်ထိပ်သီး အစည်းအဝေး တက်ရောက်ရန်အတွက် ယနေ့မွန်းတည့် (၁၂) နာရီတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာသွားသည်။

Post date: 12/19/2014 - 18:19

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ အင်းစိန်မီးရထား ခုံးကျော်တံတားအသစ် တည်ဆောက်ရန် ပန္နက်တော်တင် မင်္ဂလာနှင့် တွင်းတော်ဝန်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် ပြုလုပ်ရာ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမြင့်သိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများဖြစ်ကြသော ဦးအောင်ခင်၊ ဦးကျော်စိုး၊ မြန်မာ့ မီးရထားမှ

Post date: 12/19/2014 - 17:52

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်သည် ယနေ့ နံနက် (၇) နာရီခွဲ အချိန်တွင် ဥတ္တရသီရိမြို့နယ်၊ စက်စက်ယို ဆည်ရေသောက်စနစ်၊ တောင်သူ ပညာပေး တဆက်တစပ် တည်း ဧက (၉၀၀) စိုက်ကွင်းသို့ ရောက်ရှိပြီး ကိုရီးယားနိုင်ငံ စိုက်ပျိုးရေး သုတေသနဌာနနှင့် မြန်မာနိုင်ငံ စိုက်ပျိုးရေး ဦးစီးဌာနတို့အကြား ပူးပေါင်း ဆောင်ရွက်လျှက်ရှိသော Soil  Complex Micro-Organisim Test Field သုတေသန စိုက်ခင်းသို့ ရောက်ရှိပြီး ဓါတ်ခွဲခန်းသုံးပစ္စည်းများ ရောက်ရှိလာမှုကို ကိုရီးယား ပညာရှင် Dr. Hyun Seok Lee ဦးဆောင်သော ပညာရှင်များနှင့်အတူ ကြည်‌့ရှုစစ်ဆေးသည်။

Post date: 12/18/2014 - 20:46

ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးကိုကာကွယ်ရန်၊ ရွှေ့ပြောင်းသွားလာ ခြင်းဆိုင်ရာ ကောင်းမွန်သော အကျိုးသက်ရောက်မှုများကို

Post date: 12/18/2014 - 20:39

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင်ရောက်ရှိနေသော နိုင်ငံတော်သမ္မတ  ဦးသိန်းစိန် သည် ကလေး၊ ကလေး၀၊ မင်းကင်း၊ မော်လိုက် နှင့် ဖောင်းပြင် မြို့များမှ မြို့မိမြို့ဖများအား ဒီဇင်ဘာ ၁၇ ရက် ညနေ ၆ နာရီတွင် ကလေးမြို့ တပ်နယ် အောင်ဇေယျရိပ်သာ၌ တွေ့ဆုံသည်။

Post date: 12/18/2014 - 20:05

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် ပြည်ထောင်စုဝန်ကြီးများ၊ စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးသာအေး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုး၊ ဒုတိယဝန်ကြီးများနှင့် အတူ ယနေ့ နံနက် ပိုင်းတွင်

Pages