(Translated by https://www.hiragana.jp/)
သတင်းများ | Ministry Of Information
The Wayback Machine - https://web.archive.org/web/20160122162032/http://www.moi.gov.mm/?q=news

သတင်းများ

Post date: 01/22/2016 - 20:38
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကမ္ဘာ့ခေါင်းဆောင်များအဖွဲ့ ကလပ်ဒီမက်ဒရစ်အဖွဲ့ဝင် ၊ ချီလီနိုင်ငံ သမ္မတဟောင်း  Mr. Ricardo  Froilan Lagos Escobar  အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ တွေ့ဆုံသည်။
 
Post date: 01/22/2016 - 20:29

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ချီလီနိုင်ငံသမ္မတဟောင်းမစ္စတာရီကာဒိုလားဂိုစ့် ခေါင်းဆောင်သော ကမ္ဘာ့ခေါင်းဆောင်များ မဟာမိတ်အဖွဲ့ (Madrid) အား ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

Post date: 01/22/2016 - 20:25
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသမ္မတ နိုင်ငံ သံအမတ်ကြီး H.E. Mr. Gautam Mukhopadhaya အား ယနေ့နံနက် ၁၁ နာရီ ၁၅မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ သည်။
 
Post date: 01/22/2016 - 19:47

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ ဦးမောင်မြင့်၊ ဦးရဲထွဋ်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦး၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးထွဋ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက် ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်း တောင်ရိုး၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဂယာဆောင်၌ ယာယီကိန်းဝပ်တော်မူ သည့် အိန္ဒိယနိုင်ငံ လဒတ်ပြည်နယ် လိမြို့၊

Post date: 01/22/2016 - 18:35

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုးရှိ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်၌ ဇန်နဝါရီ (၂၂)ရက်နေ့ မှစတင် ကျင်းပလျက်ရှိသည့် ကမ္ဘာ့ ဗုဒ္ဓဘာသာ ငြိမ်းချမ်းရေး ညီလာခံသို့ တက်ရောက် လျက်ရှိသော မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီးမှ ဗုဒ္ဓဘာသာဝင် ဆရာတော်ကြီးများ၏ ဩဝါဒကထာများနှင့် 

Post date: 01/22/2016 - 18:18
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၃၆ ရက်မြောက်နေ့ကို ယနေ့နံနက် (၁၀)နာရီတွင်ကျင်းပရာ ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေကြမ်း အပါအဝင် ဥပဒေကြမ်း ၃ ခုအား အတည်ပြုခြင်း နှင့် အဆုံးအဖြတ် ရယူခြင်းတို့  ဆောင်ရွက်ကြ သည်။
 
Post date: 01/22/2016 - 17:15

ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ အောင်မြင်စွာ ကျင်းပပြီးစီးမှုနှင့် ကမ္ဘာ့ငြိမ်းချမ်းရေး ဗုဒ္ဓဘာသာညီလာခံ စတင်ကျင်းပမှုကို ဂုဏ်ပြုသော အားဖြင့် ပြစ်ဒဏ် မှ လွတ်ငြိမ်းသက်သာခွင့်ပြု

 
Post date: 01/22/2016 - 17:10

မြန်မာနိုင်ငံမှ အလှည့်ကျ အိမ်ရှင်အဖြစ်ကျင်းပသည့် (၁၄)ကြိမ်မြောက် မဲခေါင်မြစ် အထက်ပိုင်းကုန်သွယ်ရေကြောင်းသွားလာရေးဆိုင်ရာလေးနိုင်ငံပူးတွဲညှိနှိုင်းကော်မတီ JCCCN အစည်းအဝေးကို နေပြည်တော်ရှိ သင်္ဂဟဟော်တယ်၌ ယနေ့ဆက်လက်ကျင်းပရာ အစည်း အဝေး သဘောတူညီချက်မှတ်တမ်းကိုမြန်မာ၊ တရုတ်၊ လာအိုနှင့် ထိုင်းနိုင်ငံတို့မှ JCCCNကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်များမှ လက်မှတ်ရေးထိုးကြသည်။

 
Post date: 01/22/2016 - 16:47

7 Day News ဂျာနယ်၏ ဇန်နဝါရီ ၁၃ ရက်ထုတ် အတွဲ-၁၄၊ အမှတ်စဉ် ၄၅ စာမျက်နှာ၂၃တွင် “ပုဂံဘုရားပွဲအသစ်နှင့် ပုဂံအမြင်သစ်” ခေါင်းစဉ်ဖြင့် သတင်းဆောင်းပါးနှင့် တွဲလျက် ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရှိသည့် ပုဂံရှေးဟောင်းဘုရား စေတီပုထိုး များနှင့်ကမုတ်ခွက်ကို တွဲဖက်၍ သရုပ်ဖော် ပုံဖော်ပြခဲ့ပြီးနောက်ဇန်နဝါရီ ၁၆ ရက်ထုတ် 7 Day Daily သတင်းစာနှင့် ဇန်နဝါရီ ၂၀ ရက်ထုတ် 7 Day News ဂျာနယ်တို့တွင်ထိုသို့ဖော်ပြခဲ့ခြင်းနှင့် ပတ်သက်၍ "ရဟန်းရှင်လူ ပြည်သူများအား တောင်းပန်အပ်ပါကြောင်း" ပြန် လည်ဖော်ပြခဲ့သည်ကို တွေ့ရှိရသည်။

Post date: 01/21/2016 - 20:27

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ယနေ့နံနက်(၈)နာရီခွဲတွင် နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ ဧည့်ရိပ်သာ (၂)၌ ကျင်းပသည့် ဒုတိယအကြိမ်လွှတ်တော် ပုံမှန် အစည်း အဝေးများသို့ တက်ရောက် မည့်

Pages