(Translated by https://www.hiragana.jp/)
သာသနာ - ဝီကီပီးဒီးယား မာတိကာသို့ ခုန်သွားရန်

သာသနာ

ဝီကီပီးဒီးယား မှ

သာသနာ Śāsana (Teachings Of Buddha) မှာ- ဗုဒ္ဓမြတ်စွာဘုရား၏ အဆုံးအမ တရားတော်များ + ဗုဒ္ဓမြတ်စွာဘုရားဟောကြားသော “ပိဋကတ်ကျမ်းစာ” လာ အဆုံးအမ တရားတော်များ + ဗုဒ္ဓမြတ်စွာဘုရား၏ သားတော်ရဟန်းသံဃာတော်များ၏ အဆုံးအမ တရားတော်များ ဖြစ်သည်။ ဗုဒ္ဓဘာသာသည် ဖန်ဆင်းရှင်(Creator God) ကို လုံးဝလက်မခံကြပါ။ ဖန်ဆင်းရှင်ကို လုံးဝ မယုံကြည်ကြပါ။ (Buddhists do not believe in a Creator God)[]လုံးဝအသိအမှတ်မပြုကြပါ။ ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ ရတနာသုံးပါး ကိုသာ အသိအမှတ်ပြု ယုံကြည်ဆည်းကပ်ကိုးကွယ်၏။ ဗုဒ္ဓဘာသာ သာသနာ (teaching, practice, doctrine of Buddha Śāsana) တခုတည်းကသာ ယုံကြည်ခြင်း တခုတည်းကို သာမက ဘုရား၊တရား၊ သံဃာကို လုံးဝ မှီခိုအားထားကိုးကွယ်ယုံကြည်ခြင်း(believe in Lord Buddha, believe in Dharma teaching of Lord Buddha and believe in Sangha) + မိမိကိုယ်မိမိယုံကြည်ခြင်း(self-confidence )+ မေတ္တာ-ကရုဏာ (Loving-kindness)+မိမိကိုယ်မိမိအားကိုးခြင်း(self reliance)+ အသိဉာဏ်(intelligence)+ လက်တွေ့ကျင့်စဉ်(practice) လမ်းစဉ်ပေါ်တွင် အဓိက အခြေခံထားသည်။ ကံ ကံ၏အကျိုး နှင့် မိမိ တို့၏ ကာယကံ(ကိုယ်ဖြင့် ပြုလုပ်မှု) ၊ ဝစီကံ(နှုတ်ဖြင့် ပြောဆိုမှု) ၊ မနောကံ( စိတ်ဖြင့် ကြံစည်မှု) နှင့် မိမိ တို့၏ သီလ၊သမာဓိ၊ပညာ ကို အလေးအနက် ယုံကြည်သည်။ [] ဗုဒ္ဓသာသနာသည် မဂ်ဖိုလ် နိဗ္ဗာန်အကျိုး၊ တမလွန်အကျိုးများသာမက မျက်မှောက်ဘဝကြီးပွားရေးအတွက် ကျင့်ကြံရမည့် အောင်မြင်ရေး၊ စီးပွားရေး၊ ပညာရေး၊ အိမ်ထောင်ရေး၊ မိသားစုရေး၊ ပေါင်းသင်းဆက်ဆံရေးစသဖြင့် အကြောင်းအရာစုံလှ၏။ ဗုဒ္ဓမြတ်စွာဘုရားသည် အပြစ်ဒဏ်(punishment and Capital punishment ) သေဒဏ်ပေးသော နာကျင်စေအောင် အပြစ်ပေးသော စစ်ဘုရား မဟုတ်ပါ။ သေဒဏ်ချမှတ်သောဘုရား(God) မဟုတ်ပါ။ ဗုဒ္ဓမြတ်စွာဘုရား သည် သူကိုယုံကြည်သူများကို၎င်း၊ မယုံကြည်သူများကို၎င်း မေတ္တာထားသော လူသတ္တဝါ တို့အား ဒုက္ခအပေါင်းမှကယ်တင်သော မေတ္တာဘုရား ဖြစ်သည်။ ဗုဒ္ဓဘာသာသည် Religion မဟုတ်ပါ။ ယုံကြည်ခြင်း+အသိဉာဏ်+ လက်တွေ့ကျင့်စဉ် "Buddhism is not a religion , it is more of a philosophy" but a way of life (the truth of the cessation of suffering, anxiety, unsatisfactoriness) [] ဖြစ်သည်။ ဗုဒ္ဓဘာသာသည် မြန်မာ့ စွယ်စုံကျမ်းသဖွယ်ဖြစ်နေ၍ ဗုဒ္ဓဘာသာကို မြန်မာ့ယဉ်ကျေးမှု၏ ရေသောက်မြစ်ဟုလည်း တင်စားခေါ်ဆိုကြသည်။ မြန်မာနိုင်ငံ တွင် ဘီစီ ၅၈၈ ကပင် စတင် ပွင့်ထွန်း ပေါ်ပေါက်ခဲ့ကြောင်း သမိုင်းအထောက်အထားများအရ အတည်ပြု မှတ်သားနိုင်သည်။ မြန်မာ့ဗုဒ္ဓသာသနာတော်အစ-တဖုဿနှင့် ဘလ္လိက ဟုလည်းကောင်း၊ မြန်မာ့ဗုဒ္ဓသာသနာအစ- ရွှေတိဂုံ က ၎င်း၊ ဆိုကြသည်။ တဖုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်တို့သည် ထူးခြားစွာ ဘုရားရှင်အား ကမ္ဘာပေါ်တွင်ပထမဆုံး ဆွမ်းကပ်ရသူ ကမ္ဘာပေါ်တွင်ပထမဆုံး သရဏဂုံ တည်သူများ နှင့် ကမ္ဘာပေါ်တွင်ပထမဆုံးဗုဒ္ဓဘာသာဝင်များ ဖြစ်ခဲ့၏။ ထို ရွှေတိဂုံစေတီတော် သည် ဂေါတမဘုရားရှင်၏ သာသနာတော်မှာ ကမ္ဘာမြေပြင်တွင် ပထမဦးဆုံးစေတီဖြစ်၏။ ထို့ကြောင့် မြန်မာနိုင်ငံ၌ “ဗုဒ္ဓသာသနာအစ- ရွှေတိဂုံက” ဟု ကဗ္ဗည်းထိုး မော်ကွန်းတင်ခဲ့ပြီ ဖြစ်သတည်း။ []


အင်္ဂုတ္တိုရ်ပါဠိတော်လာ ပဟာရာဒသုတ်တွင် သမုဒ္ဒရာ၏ အံ့ဖွယ်ရှစ်ပါးနှင့် ဥပမာပြု၍ သာသနာတော်၏ အံ့ဖွယ်ရှစ်ပါးကို ဟောတော်မူထားသည်။ အကျဉ်းချုံး၍ ဖော်ပြပါမည်။

၁။ သမုဒ္ဒရာသည် ကမ်းစပ်မှ အလယ်သို့ တစတစနက်သွားသကဲ့သို့ သာသနာတော်၌ တစတစကျင့်သွားရသော ကျင့်စဉ် ရှိလေသည်။

၂။ သမုဒ္ဒရာရေသည် ကမ်းကို မလွန်သကဲ့သို့ သာသနာတော်၌ တပည့်သားတို့သည် သိက္ခာပုဒ်များကို လွန်ကျူး၍ မကျင့်။

၃။ အကောင်ပုဒ်များကို သမုဒ္ဒရာက လက်မခံ ( ကမ်းသို့ ပုတ်၍တင်ပစ် ) သကဲ့သို့ သာသနာတော်က ယုတ်မာသူတို့ကို လက်မခံ၊ သူ့အလိုလိုပင် သာသနာမှ ဝေးရာသို့ ရောက်သွားရသည်။

၄။ မြစ်ချောင်းတို့သည် သမုဒ္ဒရာသို့ရောက်လျှင် မူလအမည်ပျောက်၍ သမုဒ္ဒရာဟူသော အမည်သာ ဖြစ်ရသကဲ့သို့ မည်သည့်အမျိုးမှဝင်၍ ရဟန်းပြုပြု သာသနာတော်သို့ရောက်လျှင် ဘုရားသားတော်သာ ဖြစ်ရသည်။

၅။ မိုး မည်မျှပင်ရွာရွာ၊ နေ မည်မျှပင်ပူပူ သမုဒ္ဒရာ၌ ရေအတိုးအလျော့ မရှိသကဲ့သို့ နိဗ္ဗာန်ဟူသော ငြိမ်းအေးမှု ဓာတ်တမျိုးသည် သာသနာတော်၌ အတိုးအလျော့ မရှိ။

၆။ သမုဒ္ဒရာသည် ငန်သောအရသာ တမျိုးတည်းသာ ရှိသကဲ့သို့ သာသနာတော်၌ လွတ်မြောက်မှု ဝိမုတ္တိရသ တမျိုးတည်းသာ ရှိသည်။

၇။ သမုဒ္ဒရာသည် ရတနာအမျိုးမျိုး၏ တည်ရာဖြစ်သကဲ့သို့ သာသနာတော်သည် သတိပဋ္ဌာန်၊ သမ္မပ္ပဓာန် စသော ဗောဓိပက္ခိယတရား ၃၇-ပါးတို့၏ တည်ရာဖြစ်သည်။

၈။ သမုဒ္ဒရာသည် ကြီးမားသော ငါးသတ္တဝါကြီးတို့၏ နေရာဖြစ်သကဲ့သို့ သာသနာတော်သည် သောတာပန်စသော အရိယာတို့၏ နေရာ ကျင့်သုံးရာ ဖြစ်လေသည်။


သာသနာသုံးပါး ဆုတ်ယုတ်ခြင်းဟူသည် (၁) ပရိယတ္တိသာသနာ ဆုတ်ယုတ်ခြင်း၊(၂) ပဋိပတ္တိသာသနာ ဆုတ်ယုတ်ခြင်း၊(၃) ပဋိဝေဓသာသနာ ဆုတ်ယုတ်ခြင်းဟူ၍ သုံးပါးရှိ၏။ထိုသုံးပါးတို့တွင် ပရိယတ္တိသာသနာဆုတ်ယုတ်ခြင်းဆိုသည်ကား ဘုရားစကားတော် တည်းဟူသော ပိဋကတ်သုံးပုံကို သင်ကြားသူ လေ့လာကြည့်ရှုသူ ချပို့သူ နုတ်ထွင် ဆောင်ထားသူ မပေါများသည်ကို ပရိယတ္တိသာသနာ ဆုတ်ယုတ်သည်ဟု ဆိုသည်။ထိုတွင် သာသနာထမ်း ရဟန်းတော်များမှာ ဂန္ထဓုရ၊ ဝိပဿနာဓူရဟု ကိစ္စနှစ်ပါး သာ ရှိသဖြင့် ဝိပဿနာဓူရကို အားထုတ်လိုသော် အားထုတ်ရာ၏။ သို့မဟုတ်က မိမိ ဉာဏ်စွမ်းရှိသလောက် စာပေပရိယတ်ကို ချပို့သင်အံ လေ့ကျက်ဆောင်ရွက်နှုတ်တက် အာဂုံနှုတ်ငုံရွရွ နှုတ်တွင်ရ၍ ရွတ်ဖတ်သရဇ္ဈာယ်ခြင်းဖြင့်သာ အချိန်ကုန်စေပြီးလျှင် ပရိယတ္တိသာသနာတော်ကို ဆုတ်ယုတ်စေရာ၏။သမထဝိပဿနာအလုပ်၌ အားထုတ်သူရဟန်းရှင်လူပေါများခြင်းသည် ပဋိပတ္တိဟူသော အကျင့်သာသနာကြီးပွားထွန်းကားသည်ဟု ဆိုရသည်။ ပြဆိုအပ်ပြီးသော ကျင့်ဝတ်တို့ကို ကျင့်သူနည်းပါးလျှင် ပဋိပတ္တိသာသနာ ဆုတ်ယုတ်သည် မည်၏။ ဈာန်အဘိညာဉ်ကိုရသူ၊ သစ္စာလေးပါးကို သိသူ၊ မဂ်ဖိုလ်နိဗ္ဗာန်ကို မျက်မှောက် ပြုသူ နည်းပါးခြင်းသည် ပဋိဝေဓသာသနာ ဆုတ်ယုတ်သည်မည်၏။ ရဟန်းကိစ္စနှစ်ခု တစ်ခုခုမှ အားမထုတ်သော ရဟန်းသည် ရဟန်းဖြစ်ကျိုးမနပ်၊ ရဟန်းကိစ္စရဟန်းအလုပ်၌ မကျေပွန်၊ သာသနာကို စောင့်ရှောက်ရာမရောက် သာသနာ ကို ဖျက်ဆီးရာ ရောက်၏။ သာသနာဖျက် ရဟန်းဟူ၍ပင် ခေါ်ဆိုထိုက်၏။

      1. သာသနာ ဆုတ်ယုတ်မည့် အရိပ်နိမိတ်###
    1. လောက၌ အကြင်မျှလောက် ကာလပတ်လုံး ရွှေတု ငွေတုတို့သည် မပေါ် ပေါက်သေး။ ထိုမျှလောက်သော ကာလပတ်လုံး ရွှေစစ်ငွေစစ်တို့သည် မပျောက် ကွယ် ကုန်၊ မတိမ်ကောကုန်၊ အရည်မယုတ်ကုန်၊ အညစ်အကြေးမတင်ကုန်၊ အပြစ်ဆို စရာမရှိကုန်၊ အရောင်တောက်ပကုန်လျက် ရိုသေသူပေါများကုန်သေး၏။ ယုံကြည် စိတ်ချ၍ နှစ်သက်လိုချင်သူပေါများကုန်သေး၏။ အကြင်အခါ၌ ရွှေတု ငွေတုတွေ ပေါ်ပေါက်လာကုန်၏။ ထိုအခါမှာ ရွှေစစ်ငွေစစ်တွေ ကွယ်ပျောက်လေ၏။ တိမ်ကော လေ၏။ အရည်ယုတ်လေ၏။ အညစ်အကြေး တင်လေ၏။ အပြစ်ဆိုစရာ ရှိလေ၏။ အရောင်မှေးမှိန် လေ၏။ ရိုသေသူနည်းပါးလေ၏။ တိမ်ကောလေ၏။ ယုံကြည်စိတ်ချ ၍ လိုချင်သူ နည်းပါးလေ၏။ထိုအတူ သာသနာတော်ကြီးမှာလည်း အကြင်မျှလောက်သော ကာလပတ်လုံး တရားတု တရားယောင်၊ သာသနာတု သာသနာယောင်၊ ရဟန်းတု ရဟန်းယောင်၊ သံဃာတု သံဃာယောင်တွေ မပေါ်ပေါက်သေး။ ထိုမျှလောက်သော ကာလပတ်လုံး သူတော်ကောင်းတရားစစ် တရားမှန် သာသနာစစ် သာသနာမှန်၊ ရဟန်းစစ် ရဟန်းမှန်၊ သံဃာစစ် သံဃာမှန်တို့သည် မကွယ်ပျောက်ကုန်၊ မတိမ်ကောကုန်၊ အသရေမဟုတ် ကုန်၊ မမှေးမှိန်ကုန်၊မညစ်နွမ်းကုန်၊ အပြစ်ဆိုစရာမရှိကုန်၊ အရောင်တော်ပကုန်သေး၏။ အကဲရောက်ကုန်သေး၏။ ရိုသေသူပေါများကုန်သေး၏။ အမြတ်တနိုး ကိုးကွယ်ဆည်းကပ် သူပေါများကုန်သေး၏။ ယုံကြည်စိတ်ချ၍ လှူဒါန်းကြကုန်သေး၏။ အကြင်အခါ၌ တရားတု တရားယောင်၊ သာသနာတု သာသနာယောင်၊ရဟန်းတု၊ ရဟန်းယောင်၊ သံဃာတု သံဃာယောင်တွေ ပေါ်ပေါက်လာ၏။ ထိုအခါ မှာ သူတော်ကောင်း တရားစစ် တရားမှန်၊ သာသနာစစ် သာသနာမှန်၊ ရဟန်းစစ် ရဟန်းမှန်၊ သံဃာစစ် သံဃာမှန်သည် ကွယ်ပျောက်လေ၏။ တိမ်ကောလေ၏။ မှေးမှိန်လေ၏။ ညစ်နွမ်းလေ၏။ အပြစ်ဆိုစရာရှိလေ၏။ အရောင်ကင်းလေ၏။ ရိုသေသူ နည်းပါးလေ၏။ အမြတ်တနိုးကိုးကွယ်သူ နည်းပါးလေ၏။ ယုံကြည်စိတ်ချ ၍ ဆည်းကပ်လှူဒါန်းသူ နည်းပါးလေ၏။

ဤဥပမာ ဥပမေယျတွင် ရွှေတု ငွေတု ပေါ်လာသောအခါ ရွှေစစ် ငွေစစ်တို့ ပျောက်ကွယ်လေ၏ဆိုသောစကားမှာ အတုအစစ် မခွဲခြားနိုင်ဘဲ ဖြစ်၍ အစစ်ကိုပင် တွေ့ ရငြားသော်လည်း စိတ်ချယုံကြည်ခြင်း မရှိသဖြင့် ပျောက်ကွယ်တိမ်ကော မှေးမှိန် ရလေသည်ဟု ဆိုလိုသည်။စိန်စစ်ဝတ်လာသူနှင့် စိန်တု ဝတ်လာသူနှစ်ဦးကို မခွဲခြားနိုင်သဖြင့် စိန်စစ် ဝတ်လာသူမှာ အကဲမရောက် ဂုဏ်မထင်ရှိရာသကဲ့သို့ ယူလေ။ စိန်စစ်နှင့် တွေ့ ရငြား သော်လည်း ယုံကြည်စိတ်ချခြင်း မရှိတတ်ချေ ဟူလို။တရားတု တရားယောင် သာသနာတု သာသနာယောင် ရဟန်းတု ရဟန်းယောင် သံဃာတု သံဃာယောင်တို့ ပေါ်လာသောအခါမှာ တရားကောင်း တရားစစ် သာသနာ ကောင်း သာသနာစစ် ရဟန်းကောင်း ရဟန်းစစ် သံဃာကောင်း သံဃာစစ်တို့ ပျောက် ကွယ်ရလေ၏ဆိုသည်မှာ အတုအစစ် မခွဲခြားနိုင် ထွေးရှုပ်၍ တရားအစစ်အမှန် သာသနာအစစ်အမှန် ရဟန်းအစစ်အမှန် သံဃာအစစ်အမှန်တို့နှင့် တွေ့ကြုံရငြား သော်လည်း အတုအယောင် မှတ်ထင်၍ ယုံကြည်စိတ်ချခြင်း မရှိသဖြင့် ကွယ်ပျောက် တိမ်ကောမှေးမှိန်ရလေသည်။ သာသနာတု သာသနာယောင် မှတ်ထင်၍ သာသနာတော် ၏ အရိပ်ကို ခိုလှုံသူနည်းပါးသဖြင့် ကွယ်ပျောက်တိမ်ကောရလေသည်။ ရဟန်းတု ရဟန်းယောင်၊ သံဃာတု သံဃာယောင် မှတ်ထင်၍ ရိုသေသူနည်းပါး၊ ဆည်းကပ်သူနည်းပါး၊ ကိုးကွယ်သူနည်းပါး၊ ပေးကမ်း လှူဒါန်းပူဇော်သူနည်းပါ၊ ယုံကြည်စိတ်ချ သူ နည်းပါးသဖြင့် ရဟန်းကောင်း ရဟန်းစစ်၊ သံဃာကောင်း သံဃာစစ်တို့သည် တဖြည်းဖြည်း ဆုတ်ယုတ်ကွယ်ပျောက် တိမ်ကော မှေးမှိန်သိမ်ဖျင်းသဖြင့် သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် မရှိခြင်းသို့ မရှိရာသို့သာ ရောက်ရလေတော့သည်ဟု ဆိုလို သည်။ ယခုခေတ်အခါကြီးမှာပင် သီလဝန္တ သိက္ခာကာမ လဇ္ဇီပေသလ ဖြစ်သော ရဟန်းကောင်း ရဟန်းမွန် ရဟန်းမြတ်များကိုပင် တော်အောင် ယော်အောင် ရဟန်းတု ရဟန်းဝါတို့ မှတ်ထင်ကြ၍ အရိုအသေပေးသူ အလေးပြုသူ အလွန်နည်းပါးလျက် ရှိလေပြီ။ဤသံယုတ် ပါဠိတော်ကြီးကို နည်းမှီ၍ အရာရာမျိုး၌ အတုအယောင် ပေါ်လာ လျှင် အစစ်အမှန် သိမ်ဖျင်း၍ ဂုဏ်မရှိသဖြင့် ကွယ်ပျောက်ကြောင်းဟု ဉာဏ်ရှိသလောက် အသုံးပြုနိုင်သည်။

ငါးဌာန၌ မရိုသေလျှင် သာသနာကွယ်ပျောက်ကြောင်း###

အဘယ်သို့ ပြုတတ်သနည်း ဟူမူကား- အကြင် ပရိသတ်လေးပါးသည် ဘုရား၌လည်း ရိုသေခြင်းမရှိ၊ တရားတော် ၌လည်း ရိုသေခြင်းမရှိ၊ သံဃာတော်၌လည်း ရိုသေခြင်းမရှိ၊ မိမိတို့ကျင့်အပ်သော သိက္ခာ၌လည်း ရိုသေခြင်းမရှိ၊ သမထဟူသော သမာဓိ၌ လည်း ရိုသေခြင်းမရှိ၊ ထိုပရိသတ်လေးပါးသည်ပင် ရိုသေခြင်းမရှိသောကြောင့် သာသနာတော် ယုတ်လျော့ မှေးမှိန်သိမ်ဖျင်း၍ ကွယ်ပျောက် ရ သဖြင့် ထိုပရိသတ်လေးပါးသည်ပင် သာသနာကို ယုတ်လျော့ မှေးမှိန် ဂုဏ်သိန်မရှိအောင် ပြုတတ်သည်ဟု ဟောတော်မူသည်။ ထိုပရိသတ်လေးပါးတို့တွင် အကြင်ရဟန်းသည် ပြဆိုအပ်ခဲ့ပြီးသော ဘုရားအစ ရှိသော ငါးဌာန၌ရို သေ တုပ်ဝပ်ခြင်း ကင်းမဲ့အံ့၊ ထိုရဟန်းသည် သာသနာကိုယုတ်လျော့မှေးမှိန် ဂုဏ်သိန်မရှိအောင် ပြုတတ်သောရဟန်း သာသနာကို လျင်စွာ ကွယ်ပျောက်စေတတ်သောရဟန်းသာသနာဖျက်ရဟန်း မည်၏။ အကြင် ဘိက္ခုနီမသည် ပြဆိုအပ်ခဲ့ပြီးသော ငါးဌာန၌ ရိုသေတုပ်ဝပ်ခြင်း ကင်းမဲ့အံ့၊ ထိုဘိက္ခုနီမသည် သာသနာဖျက် ဘိက္ခုနီမ မည်၏။အကြင်ဥပါသကာယောက်ျားသည် ပြဆိုအပ်ခဲ့ပြီးသော ဘုရားအစရှိသော ငါးဌာန တို့၌ ရိုသေတုပ်ဝပ်ခြင်း ကင်းမဲ့အံ့၊ ထိုဥပါသကာ ယောက်ျားသည် သာသနာတော် ကို ယုတ်လျော့ မှေးမှိန်ဂုဏ်သိန်မရှိအောင် ပြုတတ်သော ဥပါသကာ ယောက်ျား၊ သာသနာဖျက် ဥပါသကာ ယောက်ျားမည်၏။ အကြင်ဥပါသိကီမိန်းမသည် မရိုသေအံ့၊ ထိုမိန်းမသည် သာသနာဖျက်မ မည်၏။ ထို့ကြောင့် သာသနာတော် ယုတ်လျော့မှေးမှိန် ကွယ်ပျောက်ရခြင်းသည် သာသနာ့ဝန်ထမ်းရဟန်းတို့၏ တာဝန်ချည်းမဟုတ်ပေ။ ရဟန်းတို့၏အပြစ်ချည်း မဟုတ်ပေ။ ဥပသကာ ဥပါသိကီဖြစ်သော ဒါယကာ ဒါယိကာမတို့၏ တာဝန်လည်း ဟုတ်၏။ အပြစ်လည်းဟုတ်၏။ ထို့ကြောင့် ရဟန်းယောက်ျား ရဟန်းမိန်းမ ဥပါသကာ ယောက်ျား၊ ဥပါသိကီမိန်းမဟူသော ပရိသတ်လေးပါးတို့၏ တာဝန်ချည်းဖြစ်၍ ကိုယ့် တာဝန် ကိုယ်အတွက်က မယုတ်ယိုရအောင် ရဟန်းလည်း ရဟန်းတို့တာဝန်ရှိသည် အလိုက်သာသနာကို အားထုတ်၍ စောင့်ရှောက်ကြရာ၏။ လူလည်း လူတို့တာဝန် ရှိသည်အလိုက် အားထုတ်၍ စောင့်ရှောက်ကြရာ၏။သာသနာတော်ကြီး အဆုံးတိုင် ကွယ်ပျောက်သောအခါမှာလည်း ရှိသေသူမရှိ၊အလိုက်သာသနာကို အားထုတ်၍ စောင့်ရှောက်ကြရာ၏။ လူလည်း လူတို့တာဝန် ရှိသည်အလိုက် အားထုတ်၍ စောင့်ရှောက်ကြရာ၏။သာသနာတော်ကြီး အဆုံးတိုင် ကွယ်ပျောက်ရသောအခါမှာလည်း ရိုသေသူမရှိ၊ အမြတ်တနိုးကိုးကွယ်သူ မရှိ၍သာ ကွယ်ပျောက်ရလေသည်။ သတိမူ။ ။ ပြဆိုအပ်ခဲ့ပြီးသော ဘုရား တရား သံဃာ သိက္ခာ သမာဓိ ဟူသောငါးဌာနတို့၌ ပရိသတ်လေးပါးတို့က အစဉ်မပြတ် ရိုသေတုပ်ဝပ်ခြင်း ရှိပါမူကား သာသနာတော် မှေးမှိန်တိမ်ကော ဆုတ်ယုတ်ကွယ်ပျောက်သည်ဟု မဆိုရသေး။ ထိုကြောင့် သာသနာတော်ယုတ်လျော့ခြင်း အကြောင်းရင်းကား ပရိသတ်လေးပါး ပင် ဖြစ်သည်။ သာသနာတော် တိုးတက်ကြီးပွားထွန်းကားလာရန် အကြောင်းရင်းမှာ လည်း ပရိသတ်လေးပါးပင် ဖြစ်သည်။ယခုအခါ အချို့သော ဥပါသိကာ ဥပါသိကီဖြစ်ကြကုန်သော ဒါယကာ ဒါယိကာမတို့သည် သာသနာယုတ်လျော့ မှေးမှိန်လာရာမှာ ငါတို့နှင့်ဘာမျှမဆိုင် ငါတို့၏ တာဝန်မဟုတ်ဟူ၍ မှတ်ထင်လျက်ရှိကြလေသည်။ သာသနာတော် ဆုတ်ယုတ်ပုံ အစဉ် (၁) မဂ်ဖိုလ်ကို ရအောင် အားထုတ်သော ဝိမုတ္တိကာလ။ (၂) ဈာန် အဘိညာဉ် သမာပတ်ရအောင် အားထုတ်သော ကာလ။ (၃) သီလစင်ကြယ်အောင် အားထုတ်သော ကာလ။ (၄) ဗဟုဿုတ ပွားများအောင် အားထုတ်သော ကာလ။(၅) ဒါနကို အားထုတ်သော ကာလ။ဟူ၍ ငါးကာလရှိလေသည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူပြီးသည်နောက် ထားတော်မူခဲ့သော သာသနာ ကို ငါးစု ငါးပုံ ထား၍- (၁) တစ်ပုံသည် ပစ္စက္ခဘဝ၌ပင် မဂ်ဖိုလ်ကို ရအောင် ကိုယ်နှင့်အသက် မငဲ့ကွက်ဘဲ တရားကို အားထုတ်သော ဝိမုတ္တိကာလ မည်၏။ ဝိမုတ္တိကာလ ကား ဘုရားပရိနိဗ္ဗာန် ပြုပြီးသည့်နောက် ရှေးဦးစွာသော ကာလတည်း။ (၂) တစ်ပုံသည် ပစ္စက္ခဘဝ၌ လောကီဈာန်လောက်မျှ ရရုံနှင့် အားရ တင်းတိမ်ခြင်းရှိသဖြင့် လောကီဈာန် အဘိညာဉ်ကိုသာ ရအောင် အားထုတ်သော သမာဓိ ယုဂကာလမည်၏။ ထိုသမာဓိ ယုဂကာလသည် ပစ္စက္ခဘဝတွင် မဂ်ဖိုလ်ကို ရအောင် အားထုတ်ခြင်းမရှိသည် ဖြစ်၍ ဝိမုတ္တိယုဂ ကွယ်ပျောက်သောအခါ ဖြစ်လေသည်။ (၃) တစ်ပုံသည် လောကီဈာန်ကိုမျှ ရအောင် အားမထုတ်တော့ဘဲ စတုပါရိသုဒ္ဓိ သီလကြီးလေးပါးကိုသာ လုံခြုံအောင် အားထုတ်သော သီလယုဂ ကာလမည်၏။ ထိုသီလယုဂ ကာလလည်း သမာဓိယုဂ ကွယ်ပျောက် သောအခါ ဖြစ်သည်။ (၄) တစ်ပုံသည် စတုပါရိသုဒ္ဓိ သီလကြီး လေးပါးမျှ မလုံတော့ဘဲ တရား ကျမ်းဂန် သင်အံ့လေ့ကျက်ဆောင်ရွက် ကြည့်ရှု ဗဟုသုတရှိရုံ အားထုတ် သော သုတယုဂ ကာလမည်၏။ ထိုသုတယုဂကာလသည် သီလယုဂ် ကွယ်ပျောက်သောအခါ ဖြစ်သည်။ (၅) တစ်ပုံသည် တရားကျမ်းဂန် ပရိယတ္တိကိုမျှ ချပိုသင်အံခြင်းမရှိတော့ဘဲ ရဟန်းဟူသော အသွင်မျှသာ ရှိတော့၏။ ထိုသို့သောအခါ ရဟန်း တို့သည် ဥစ္စာပစ္စည်းကိုသာ စုဆောင်း၍ စွန့်လွှတ်ပေးကမ်းခြင်း ဟူသော ဒါန အမှုကိုသာ ပြုလုပ်အားထုတ်သော ဒါနယုဂ ကာလမည်၏။ ထိုဒါနယုဂကာလသည် သုတယုဂ်ကွယ်ပျောက်သောအခါ ဖြစ်မည်။ ထိုဒါနယုဂ် ကာလသည်ပင် သာသနာတော်၏ နောက်ဆုံးဖြစ်သော အကျင့်တည်း။ ယခုအခါ သာသနာတော်ကြီးသည် ပြဆိုအပ်ခဲ့ပြီးသော ယုဂ်ငါးပါးတို့တွင် ဘယ်ယုဂ်၏အတွင်းသို့ ကျရောက်နေပြီကို ပညာရှိသူတော်ကောင်းအပေါင်းတို့ နှလုံးသွင်း မိကြပါစေကုန်။ (၁၈) သာသနာတော်၌ ပေါ်လာမည့်ဘေးရန် မြတ်စွာဘုရား သက်တော်ထင်ရှား ရှိတော်မူစဉ်အခါက ဆဠာဘိညရဟန္တာ ဖြစ်တော်မူသော ဖုဿမည်သော မထေရ်ဟု ရဟန္တာတစ်ပါးရှိလေသည်။ ထို ဖုဿ မထေရ်မြတ်သည် မဏ္ဍလိက မင်းမျိုးမှ ထွက်၍ ရဟန်းပြုတော်မူလေသည်။ တစ်နေ့သ၌ ပဏ္ဍရဂေါရတ္ထမည်သော ရသေ့တစ်ယောက်သည် ဖုဿမထေရ်အထံ သို့ ချဉ်းကပ်၍ တရားနာလာသည်ရှိသော် သီလအာစာရဂုဏ်နှင့် ပြည့်စုံ၍ လုံခြုံသော ဣန္ဒြိယသံဝရရှိကုန်သော ရဟန်းမြတ်တို့ကို မြင်၍ ကြည်ညိုသောစိတ် ရသေ့မှာ အားကြီးစွာ ဖြစ်လတ်၍ ဤသို့သော ပဋိပတ်အကျင့်မြတ်သည် ဤလောကဓတ် လူ့ရွာဝယ် ကြာရှည်စွာ တည်ပါမူကား ကောင်းလေစွဟု ကြံဆင်ခြင်၍ နောင်အနာဂတ် ကာလ၌ ဖြစ်လတ္တံ့သော အကျင့်များကို ဖုဿမထေရ်အား မေးလျှောက်လေသည်။ ထိုအခါ ဖုဿမထေရ်ရဟန္တာအရှင်မြတ်က နောင်အနာဂတ်ကာလ၌ ဖြစ်ပေါ်လတ္တံ့ သော သာသနာ့ဘေးရန်များကို ဟောကြားတော်မူလေသည်။ ဟောကြားတော် မူသည်ကား ဤသို့တည်း။ သာသနာတော် နောက်ပိုင်းကျသောအခါ၌ ရဟန်းတို့သည်– (၁) အမျက်ထွက်လေ့ရှိကုန်အံ့၊(၂) ရန်ငြိုးဖွဲ့လေ့ရှိကုန်အံ့၊(၃) သူ့ကျေးဇူးကို ချေဖျက်ကုန်အံ့။(၄) ခက်ထန်မောက်မာကုန်အံ့။(၅) မကျင့်ဘဲနှင့် ကျင့်ယောင်၊ မသိဘဲနှင့် သိယောင် မူကုန်အံ့။(၆) သူတစ်ပါး ရဟန်းဂုဏ်နှင့် ပြည့်စုံအောင် နေသည်ကို အလိုမတူ ငြူစူ စောင်းမြောင်းခြင်း ရှိကုန်အံ့။(၇) အယူဆန့်ကျင် နင်၊ သင် စသည်ဆို၍ အချင်းချင်း ခိုက်ရန် ငြင်းပွား အဖြစ်များကုန်အံ့။(၈) နက်နဲသိမ်မွေ့ သော တရားတော်၌ မသိမမြင်သော်လည်း တတ်သိ ယောင် မာနထောင်၍ ဟန်ဆောင်ပြုမှုတတ်ကုန်အံ့။(၉) မသူတော်တို့၏ တရားဘက်ကိုသာ အာရုံစိုက်လေ့ရှိကုန်အံ့။(၁၀) သွား လာ လတ်ကြော့ ဂွမ်းဝါဖော့သို့ ပေါ့သောသဘောရှိကုန်အံ့။(၁၁) ပရိယတ္တိသဒ္ဓမ္မ၊ ပဋိပတ္တိ သဒ္ဓမ္မ၊ ပဋိဝေဓသဒ္ဓမ္မ ဟူသော သူတော်ကောင်း တရား၌ အလေးမပြု၊ ဂရုမမူ၊ ကြည်ဖြူမဲ့လျှင်း ရိုသေခြင်းကင်းကုန်အံ့။(၁၂) သီတင်းသုံးတော် သံဃာတော်ချင်းချင်း ရိုသေကင်းကုန်အံ့။(၁၃) ပညာမဲ့သော ရဟန်းဆိုး ရဟန်းမိုက်တို့သည် မြတ်စွာဘုရားသည် ကောင်းခြင်းသုံးပါးနှင့် ပြည့်စုံစွာ ဟောကြားထားသော ပိဋကတ် သုံးပုံ တရားတော်ကို သံကိလေသ သုံးပါးတို့ဖြင့် ညစ်ညူးပျက်စီးအောင် ဖျက်ဆီးကုန်လတ္တံ့။ (အဓိပ္ပာယ်အကျယ်ကား အာပတ်သင့်သည်ကို မသင့်၊ ဂရုကအာပတ်ကို လဟုက အာပတ်ဟူ၍ ပြုခြင်း စသော ဒုစ္စရိတ သံကိလေသဖြင့် ညစ်ညူးစေလျက် ဝိနည်း တရားတော်ကို ဖျက်ဆီးကုန်လတ္တံ့။ ။ နူးညံ့သိမ်မွေ့ လှစွာသော ရုပ်နာမ်တရား တို့ကို ပယ်ရှားစွန့်ခွာကုန်သည်ဖြစ်၍ ဒိဋ္ဌိသံကိလေသဖြင့် ညစ်ညူးစေလျက် အဘိဓမ္မာ တရားတော်ကို ဖျက်ဆီးကုန်လတ္တံ့။ ။ နှစ်ပါးစုံသောအမှုကို ပြုခြင်း၌ နှစ်သက်သာယာ သော တဏှာသံကိလေသဖြင့် ညစ်ညူးစေလျက် ဝိနည်းအဘိဓမ္မာ နှစ်ပါးစုံကို ဖျက်ဆီးကုန်လတ္တံ့ဟု ဆိုလိုသည်။) (၁၄) သံဃာ့ဘောင်၌ တစ်စုံတစ်ခု အမှုစကားတရားတဘောင်ရှေ့ဆောင် ပြောဆိုကြသည်ရှိသော် အလဇ္ဇီဒုဿီလတို့ အပင်းအသင်း အားကြီး ကြကုန်လတ္တံ့။(အဓိပ္ပာယ်အကျယ်ကား-သံဃအမှုဆုံးဖြတ်ရာ သံဃအစည်းအဝေး၌ လာဘသက္ကာရကို တောင့်တသဖြင့် ဂုဏ်ကိုဆောင်၍ ဓမ္မကို အဓမ္မ၊ အဓမ္မကို ဓမ္မ၊ ဝိနယကို အဝိနယ၊ အဝိနယကို ဝိနယအစရှိသဖြင့် မိမိလိုတိုင်းသောအနက်ကို သံဃဘောင်၌ တည်စေကုန်သည်ဖြစ်၍ အလဇ္ဇီ ဒုဿီလ အချင်းချင်း အားပေး၍ အလဇ္ဇီ ဒုဿီလတို့ အပင်းအသင်း အားကြီး ကုန်လတ္တံ့ဟူလို။) (၁၅) သီလသမာဓိစသော ပဋိပတ္တိဂုဏ် ပါဠိ၊ အဋ္ဌကထာ၊ ဋီကာစသော ပရိယတ္တိဂုဏ်နှင့် ပြည့်စုံကုန်သော ရဟန်းတတ် ရဟန်းမြတ်တို့သည် သံဃအမှုဆုံးဖြတ်ရန် သံဃအစည်းအဝေး၌ အားနည်းကုန်အံ့။(အဓိပ္ပာယ်ကား- ပရိသတ်၏ အလဇ္ဇီများသည်၏ အဖြစ်ကြောင့် ထိုလဇ္ဇီပေသလ ဗဟုသုတ ဂုဏဝန် သီလဝန် မထေရ်ဝန် မထေရ်မြတ်ပညာတတ် ရဟန်းတို့သည် အားနည်းကုန် လတ္တံ့။ ထိုအလဇ္ဇီ ဒုဿီလ ပရိသတ်၌ သူတော်ကောင်းပညာရှိတို့ စကားမဝင်နိုင် မတည်နိုင် လတ္တံ့ဟူလို။) (၁၆) ပညာမဲ့သော ရဟန်းတို့သည် ရွှေငွေ ကျွန်ယောက်ျား ကျွန်မိန်းမ ဆိတ်၊ သိုးစသော အခြေလေးချောင်းရှိသော သတ္တဝါတို့ကို မိမိတို့ အလို့ငှာ သာယာခံယူကုန်လတ္တံ့။ (၁၇) သူတစ်ပါးကို ကဲ့ရဲ့လိုသောစိတ်ရှိကြကုန်သည်ဖြစ်၍ သီလ၌ မတည် ကုန်ဘဲ တက်ကြွသော မာနရှိကုန်သဖြင့် ငြင်းခုံရန်တွေ့ ချုပ်ချယ်သော အလေ့၌သာလျှင် သာယာပျော်မွေ့၍ သားသမင်ကဲ့သို့ လှည့်လည် သွားလာကုန်လတ္တံ့။ (၁၈) ပြာပုံခဲကျ ထောင်းထောင်းထသို့ တစ်ခဏမတည် မခိုင်ကျည်သော စိတ်ရှိကြကုန်အံ့။ (၁၉) မလျော်မအပ် ဆိုးရည်တပ်လျက် ဖပ်ဖပ်စိုစို စိမ်းလဲ့ညိုသော သင်္ကန်း ကို ဝတ်ရုံကြကုန်အံ့။ (၂ဝ) ကုဟန လပန အမှုဖြင့် အသက်မွေးကြကုန်လတ္တံ့။(အဓိပ္ပာယ်ကား- ဈာန်မဂ်ထိနီး ရောက်လုပြီးဟု လှည့်ပတ်မှုဖြင့် သူ့ကို လိမ်လည် ကြည်ညိုစေမှ အံ့ဩဖွယ်ပြုကြလိမ့်မည်။ ပစ္စည်းအလို့ငှာ ဒါယကာတို့အား ညှာတာချီးမြှောက် ခြိမ်း ခြောက် မောင်းမဲ ဆဲရေး ရုပ်ချ ပြောဆိုကြလိမ့်မည် ဟူလို။) (၂၁) ဒေါသမျက်မာန် ခက်ထန် ကြမ်းကြုတ်သော စိတ်နှလုံးရှိကြကုန်အံ့။ (၂၂) ကိလေသာ အမူအရာကို သားသမင်တို့၏ ချိုဖျားကဲ့သို့ ထင်ရှားစေ ကုန်လတ္တံ့။ (၂၃) ကိုယ်ကို တန်ဆာဆင်ခြင်း ပရိက္ခရာကို တန်ဆာဆင်ခြင်း စသော လျှပ်ပေါ် လော်လည်သော အကျင့်နှင့် ယှဉ်ကုန်သည် ဖြစ်၍ ကြော့ကြော့ ကြော့ကြော့ … တမော့မော့နှင့် ဖြော့တော့ ဝါအောင် ဆင်စွယ်ရောင် ဆိုးသော သင်္ကန်းကို ဝတ်လျက် မြို့လယ်ခရီး ရွာလယ်ခရီးများ၌ သွား လာ လှည့်ပတ်ကြကုန်လတ္တံ့။ (၂၄) ပစ္စည်းလေးပါးကို တပ်မက်မောကြကုန်သည် ဖြစ်ကြကုန်အံ့။ (၂၅) ရဟန်းတရားကို အားမထုတ်လိုဘဲ ဆွမ်းခံပျင်း၍ ရွာနီးကျောင်း၌ နေပြီးလျှင် ကျောင်းသားသူငယ်မွေး၍ နေကြကုန်အံ့။ (၂၆) မိစ္ဆာဇီဝဖြင့် အသက်မွေးခြင်း၌ မွေ့လျော်၍ လာဘ်လာဘကို များစွာ ရရှိသော ရဟန်းကြီးတို့သို့ အတုလိုက်၍ ရဟန်းငယ်တို့သည် ကျင့်ကုန် လတ္တံ့။##၂၇) ထိုအခါ၌ သီလဝန် ဂုဏဝန် ဖြစ်ကုန်သော ရဟန်းကောင်း ရဟန်းမှန် ရဟန်းမြတ်တို့အား လာဘ်လာဘ နည်းပါးကုန်အံ့။ ထို လာဘ်လာဘနည်း ပါးကုန်သော ရဟန်းကောင်း သီလဝန္တ ပုဂ္ဂိုလ်တို့ကို မြတ်နိုးကော်ရော် ပူ ဇော်ဆည်းကပ်ခြင်းကို မပြုကြကုန်လတ္တံ့။(အဓိပ္ပာယ်အကျယ်ကား မိစ္ဆာဇီဝကို ကြဉ်သဖြင့်လည်းကောင်း၊ရှေးဘုန်းရှေးကံနည်းသဖြင့်လည်းကောင်း၊ ဘုန်းလာဘ်လာဘ နည်းကုန်သော ရဟန်းကောင်း ရဟန်းမြတ်တို့ကိုကား ပူဇော်မြတ်နိုးကိုးကွယ်ရိုသေအပ်သည် မမှတ်ထင်ကြ ကုန်လတ္တံ့။ မိစ္ဆာဇီဝ ပါပက အကျင့်မှား ဘုန်းလာဘ်များသော ရဟန်းဆိုးတို့ကိုသာရဟန်းကောင်း ရဟန်းမြတ်ဟုထင်မှတ် ဝမ်းသာချီးမွမ်းကာဖြင့် ပူဇော်ဆည်းကပ်ကြကုန်လတ္တံ့ ဟူလို။) (၂၈) ပိန္နဲဆိုး သစ်ခေါက်ဆိုး သင်္ကန်းများကို ကဲ့ရဲ့ရှုတ်ချ၍ သာသနာတော်မှ အပဖြစ်သော တိတ္ထိပရဗိုဇ်တို့၏ အဝတ်ဖြူကို ဆောင်ကြကုန်လတ္တံ့။ (၂၉) ထိုအခါ အရိယာတို့၏ တံခွန်သဖွယ်ဖြစ်သော သင်္ကန်းကို ရိုသေခြင်း ကင်း၍ ပစ္စဝက္ခဏာဆင်ခြင်၍ ဝတ်ရုံခြင်းကို မပြုကုန်လတ္တံ့။ (၃ဝ) အလဇ္ဇီ ဒုဿီလ ရဟန်းတို့သည် မိမိတို့ကို လှူဒါယကာတို့ သဒ္ဓါ ကြည်ညိုပျက်မည်စိုး၍ သီလဝန် ရဟန်းမြတ် ကျမ်းဂန်တတ် ပုဂ္ဂိုလ်တို့ ထိုအရပ်၌ မနေနိုင်အောင် နှိပ်စက်ကုန်လတ္တံ့။ (၃၁) ဆရာဥပဇ္ဈာယ်တို့က ကောင်းသော အမူအရာအကျင့် ပိဋပတ်ကို ဟောညွှန်ပြသ ဆုံးမသော်လည်း မနာယူကြကုန်လတ္တံ့။ (၃၂) ထိုအခါ၌ ဆရာ ဥပဇ္ဈာယ်တို့ကို ရိုသေခြင်းကင်း၍ ဆရာဥပဇ္ဈာယ်တို့၏ ဆုံးမ မခံ နှုတ်လှံ ပြန်ကာ ထိုးကြကုန်လတ္တံ့။ ဤပြဆိုအပ်ခဲ့ပြီးသော သာသနာတော်၏ ဘေးရန်စုသည် နောင်အခါ သာသနာ တော်၌ ဖြစ်ပေါ်လိမ့်မည်ဟု ဖုဿမထေရ် ရဟန္တာမြတ်သည် အနာဂတံသ ဉာဏ်တော်ဖြင့် ရှုမျှော်၍‌ ဟောကြားတော်မူခဲ့သည်။

အခြားကြည့်ရန်

[ပြင်ဆင်ရန်]


ကျမ်းကိုး

[ပြင်ဆင်ရန်]
  1. မော်ကွန်းတင်ပြီးမိတ္တူ။ 14 May 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 September 2013 တွင် ပြန်စစ်ပြီး။
  2. ဗုဒ္ဓဒေသနာတော်ဝေါဟာရ အဘိဓာန်
  3. Zen 101 | Why Buddhism Is a Religion, Not Just a
  4. ရွှေတိဂုံသမိုင်းသစ် (အရှင်အာဒိစ္စရံသီ)