(Translated by https://www.hiragana.jp/)
ဟူစတန်မြို့ - ဝီကီပီးဒီးယား မာတိကာသို့ ခုန်သွားရန်

ဟူစတန်မြို့

ဝီကီပီးဒီးယား မှ
ဟူစတန်မြို့
မြို့တော်
ဟူစတန်မြို့တော်
ထိပ်မှစ၍ လက်ယာရစ်။ ။ ဆမ်ဟူစတန် အဆောက်အဦး၊ ဟူစတန် မြို့လယ်ခေါင်၊ ဟူစတန် ရေလက်ကြား၊ ဂယ်လာရီးယား၊ ရိုက်စ် တက္ကသိုလ် နှင့် ခရစ်စတိုဖာ စီ ခရက်ဖ် ဂျူ နီယာ မစ်ရှင်ကွန်ထရိုးစင်တာ
ထိပ်မှစ၍ လက်ယာရစ်။ ။ ဆမ်ဟူစတန် အဆောက်အဦး၊ ဟူစတန် မြို့လယ်ခေါင်၊ ဟူစတန် ရေလက်ကြား၊ ဂယ်လာရီးယား၊ ရိုက်စ် တက္ကသိုလ် နှင့် ခရစ်စတိုဖာ စီ ခရက်ဖ် ဂျူ နီယာ မစ်ရှင်ကွန်ထရိုးစင်တာ ၏ မြင်ကွင်းပုံ
Flag of ဟူစတန်မြို့
အလံ
တင်စားခေါ်ဝေါ်သည့်အမည်များ: အာကာသမြို့တော်
ဟူစတန်မြို့၏ တည်နေရာ
ဟူစတန် သည် အမေရိကန်ပြည်ထောင်စု တွင် တည်ရှိသည်
ဟူစတန်
ဟူစတန်
အမေရိကန်ပြည်ထောင်စု အတွင်း တည်နေရာ
Coordinates: 29°45′46″N 95°22′59″W / 29.76278°N 95.38306°W / 29.76278; -95.38306
နိုင်ငံအမေရိကန်ပြည်ထောင်စု
ပြည်နယ်တက္ကဆပ်ပြည်နယ်
ကောင်တီများဟဲရစ်၊ ဖို့တ်ဒ်ဘန်း၊ မောင့်ဂိုမာရီ
မြို့တည်ခြင်း၁၈၃၇၊ ဇွန်လ ၅ ရက်
အုပ်ချုပ်ရေး
 • အမျိုးအစားမြို့တော်ဝန် ကောင်စီ
 • မြို့တော်ဝန်Annise Parker



ဟူစတန်မြို့သည် အမေရိကန်ပြည်ထောင်စု တက္ကဆပ်ပြည်နယ်တွင် အကြီးဆုံးမြို့ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုတွင် စတုတ္ထမြောက် လူဦးရေအများဆုံးမြို့ ဖြစ်သည်။ ၂၀၁၂ ခုနှစ် အမေရိကန် သန်းခေါင်စာရင်းအရ မြို့ဧရိယာ စုစုပေါင်း ၅၉၉.၆ စတုရန်းမိုင် (၁,၅၅၃ စတုရန်းကီလိုမီတာ) ပေါ်တွင် လူဦးရေ ၂.၁၆ သန်း မှီတင်းနေထိုင်သည်ဟု ခန့်မှန်းရသည်။ ဟူစတန်သည် ဟဲရစ်ကောင်တီ၏ ရုံးစိုက်ရာမြို့ ဖြစ်ပြီး ဟူစတန်၏ မက်ထရိုပိုလစ်တန် ဧရိယာမှာ လူဦးရေ ၆ သန်းကျော်ဖြင့် အမေရိကန်၏ ပဉ္စမမြောက် လူဦးရေ အများဆုံး ဖြစ်သည်။

ဟူစတန်မြို့ကို ၁၈၃၆ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ၁၈၃၇ ခုနှစ် ဇွန်လ ၅ ရက် တွင် မြို့ အဖြစ် သတ်မှတ်ခဲ့သည်။ ဗိုလ်ချုပ်ကြီး ဆမ် ဟူစတန်ကို အစွဲပြု၍ အမည်ပေးခဲ့ခြင်းဖြစ်ပြီး ထိုသူမှာ တက္ကဆပ်သမ္မတနိုင်ငံ၏ သမ္မတဖြစ်ခဲ့ပြီး မြို့တည်ထောင်ရာ နေရာ၏ အရှေ့ဘက် ၂၅မိုင် (၄၀ ကီလိုမီတာ) အကွာတွင် ဖြ်စပွားခဲ့သော ဆန်ဂျာစင်တို တိုက်ပွဲကို ဦးဆောင်တိုက်ခိုက်အောင်မြင်ခဲ့သူလည်း ဖြ်စသည်။ အလျင်အမြန် တိုးတက်လာသော ဆိပ်ကမ်း နှင့် မီးရထားလုပ်ငန်းအပြင် ၁၉၀၁ ခုနှစ် ရေနံရှာဖွေ တွေ့ရှိမှုကြောင့် လူဦးရေမှာ အစဉ်တစိုက် တိုးပွားလာခဲ့သည်။ ၂၀ ရာစု အလယ်ပိုင်းသို့ ရောက်သောအခါ ကမ္ဘာအကြီးဆုံး ကျန်းမာရေးစောင့်ရှောက်မှု နှင့် သုတေသန ဌာနဖြစ်သော တက္ကဆပ် ဆေးပညာ စင်တာကို တည်ထောင်ခဲ့ပြီး နာဆာ၏အစီအစဉ်များကို ထိန်းချုပ်ရာ ဒေသဖြစ်သော ဂျွန်ဆင်အာကာသ စင်တာလည်း တည်ရှိလာခဲ့သည်။